မြန်မာအစိုးရဟာ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ဆိုင်ရာ ဥပဒေ ပြဌာန်းမယ်လို့ ILO ကို ကတိပေးထားပေးမယ့် အခုအချိန်အထိ အကောင်အထည် ပေါ်မလာသေးတဲ့အတွက် လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO ရဲ့ အုပ်ချုပ်ရေးအဖွဲ့ ညီလာခံအထိ အချိန်ပေးထားတယ်လို့ FTUB အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်က ပြောပါတယ်။
ILO အုပ်ချုပ်ရေးအဖွဲ့ ညီလာခံကို နှစ်စဉ် မတ်လ၊ ဇွန်လနဲ့ နိုဝင်ဘာလတွေမှာ တနှစ် သုံးကြိမ် ကျင်းပတာပါ။ မနေ့က ကျင်းပတဲ့ အစည်းအဝေးကနေ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခွင့်ဆိုင်ရာ ဥပဒေ ပြဌာန်းရေးအတွက် မူကြမ်းတခု ရေးဆွဲဖို့ တိုက်တွန်းလိုက်ပြီး ဇွန်လ ၁၆ ရက်နေ့မှာ နိုင်ငံပေါင်းစုံက အစိုးရ၊ အလုပ်ရှင်နဲ့ အလုပ်သမား ကိုယ်စားလှယ် အားလုံးက သဘောတူ အတည်ပြုကြမှာ ဖြစ်ပါတယ်။ မြန်မာအစိုးရ ကိုယ်စားလှယ်တွေ ကလည်း ဒီအချက်အပေါ် လက်ခံထားတယ်လို့ ဆိုပါတယ်။
FTUB အထွေထွေအတွင်းရေးမှူး ဦးမောင်မောင် ကို RFA အဖွဲ့သား ကိုဝင်းနိုင်က ဆက်သွယ် မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။
0:00 / 0:00