ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ILO ဒု ညွှန်ကြား ရေးမှူးချုပ် Mr. Guy Ryder နဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် FTUB နဲ့ ဘန်ကောက်မြို့မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့တယ် လို့ သိရပါတယ်။
ဖေဖော်ဝါရီလ ၂၂ ရက်ကနေ ၂၅ ရက်နေ့အထိ ၄ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ် အပြီး ဘန်ကောက်မြို့ကို ပြန်ရောက်လာစဉ် အခုလို တွေ့ဆုံကြတာ ဖြစ်တယ်လို့ FTUB ရဲ့ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်က RFA ကို ပြောပါတယ်။
“FTUB နဲ့ ဒီ Guy Ryder ဦးဆောင်တဲ့ ILO ကိုယ်စားလှယ်အဖွဲ့ အစည်းအဝေးပါ။ ဒါ သူ့ရဲ့ ပထမဆုံး ခရီးစဉ်ပေါ့နော်။ ကျနော်တို့နိုင်ငံကို စီးပွားရေးပိတ်ဆို့မှုနဲ့ ပတ်သက်ပြီးတော့ ရှင်းရှင်းလင်းလင်း သိခဲ့ရတယ်၊ နေပြည်တော်မှာလည်း သူသွားပြီး တွေ့ခဲ့ရတယ် ဆိုတဲ့အတွက် အားမရသေးတာတော့ ရှိပေမယ့် ဆက်လက်ပြီး အလုပ်လုပ်ဖို့၊ နောက် ILO ရုံးကို လူအင်အား ငွေအင်အား ဖြည့်ဖို့တွေ၊ နောက်တခါ လွတ်လပ်စွာ ဖွဲ့စည်းမှုဆိုတဲ့ Freedom of association နဲ့ ပတ်သက်ပြီး ပိုပြီး ထိထိရောက်ရောက် လုပ်ဖို့ လိုမယ်ဆိုတဲ့အကြောင်း ဆွေးနွေးသွားပါတယ်။”
Mr. Guy Ryder ရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နေပြည်တော်ကို ရောက်ခဲ့စဉ် မြန်မာစစ်အစိုးရ အလုပ်သမားရေး ဝန်ကြီး အပါအဝင် အကျဉ်းဦးစီးဌာန တာဝန်ရှိသူတွေနဲ့ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းပိုင်ခွင့် ဆိုင်ရာ အကြောင်းအရာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
အဓမ္မလုပ်အားပေး ခိုင်းစေမှု ပပျောက်ရေးအတွက် ILO အဖွဲ့နဲ့ လက်တွဲ လုပ်သွားဖို့ မြန်မာစစ်အစိုးရက သဘောတူ လက်မှတ်ရေးထိုးခဲ့တာဟာ အခုတကြိမ်နဲ့ဆို ၄ ကြိမ်ရှိသွားပြီလို့ သိရပါတယ်။
ဒီကနေ့ ဘန်ကောက်မြို့မှာ ILO ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာနဲ့ ပတ်သက်လို့ FTUB အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်ကို RFA ဝိုင်းတော်သား ကိုဥာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။
| ဆက်သွယ်မေးမြန်းချက်။ |
|
| အသံဖိုင်ယူရန်။ |
ဥပဒေ ပြဋ္ဌာန်းခဲ့ပေမယ့် ဥပဒေအတိုင်း မကျင့်သေး
ကလေးစစ်သား အမှု အိုင်အယ်လ်အို တိုင်ကြား
မြန်မာနိုင်ငံအပေါ် ဘဏ္ဍာရေး ပိတ်ဆို့မှုဆက်ထားဖို့ FTUB တောင်းဆို
မြန်မာကို ဦးစားပေး အခွန်လျှော့နိုင်ငံ အဖြစ် ပေးအပ်ဖို့ အချိန်မကျသေး
ကလေးစစ်သား ပြန်ခေါ်ဖို့ ILO ကို တိုင်ကြား
ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ် ကူည်ီတဲ့ အစိုးရ လုံခြုံရေးတပ်ဖွဲ့ဝင် FTUB က ကျေးဇူးတင်
ကလေးစစ်သား ပြန်ခေါ်ဖို့ကြိုးစား
မှတ်ချက်များ
Click here to add your own comment