မြန်မာနိုင်ငံမှာ လူကြိုက်များတဲ့ ကားအမျိုးအစားတွေ ဂျပန်နိုင်ငံက လေလံဈေးကွက်မှာ ဈေး အဆမတန် ထိုးတက်နေတယ်လို့ ကားဈေးကွက် တင်သွင်းရောင်းချသူတွေက ပြောပါတယ်။
ဂျပန်နိုင်ငံ Mitsubishi Motors ကုမ္ပဏီထုတ် Mitsubishi Pajero အမျိုးအစားကား။
မြန်မာအကြိုက် ဂျပန်ကားတွေဖြစ်တဲ့ ဒီဇယ်ဆီပါ သုံးနိုင်တဲ့ ပါဂျဲရိုး လို Four Wheel Drive အမျိုးအစား ကားတွေနဲ့ တိုယိုတာ Mark II အမျိုးအစား ကားတွေကို ၁၉၉၅ ခုနှစ်ကနေ ၂ဝဝ၂ ခုနှစ်အတွင်း ထုတ်လုပ်တဲ့ ကားတွေကိုသာ အကန့်အသတ်နဲ့ တင်သွင်းခွင့် မြန်မာအစိုးရက သတ်မှတ်ခဲ့ပါတယ်။ ဒါ့ကြောင့် အရင်က ဂျပန်လေလံမှာ အမေရိကန် ဒေါ်လာ ၃ ထောင်လောက်သာ တန်ဖိုးရှိတဲ့ အဲဒီ ကားအမျိုးအစားတွေဟာ အခုဆိုရင် အမေရိကန်ဒေါ်လာ ၂ သောင်းကနေ ၃ သောင်းအထိ ဈေးထိုးတက်နေတယ်လို့ ကားအရောင်းအဝယ် လုပ်ကိုင်သူ ဦးကျော်ခိုင်က ပြောပါတယ်။
အဲဒီလို ကားအဟောင်းတွေကို ဂျပန်လေလံမှာ ဈေးကြီးပေးပြီး တင်သွင်းနေရတဲ့အတွက် မြန်မာနိုင်ငံသားတွေ နစ်နာရသလို အစိုးရအတွက်လည်း အခွန်ငွေ အထွေအထူး တိုးပြီး မရရှိဘူးလို့ ပြောပါတယ်။ တကယ်လို့ အစိုးရက မြန်မာနိုင်ငံမှာ လူကြိုက်များပြီး ဒီဇယ်ဆီနဲ့လည်း သုံးလို့ရတဲ့ ကားအမျိုးအစားတချို့မှာ တင်သွင်းခွင့် ပေးထားတဲ့ ထုတ်လုပ်နှစ် အကန့်အသတ်ကို ၂ဝဝ၂ ခုနှစ်အထိ မဟုတ်ဘဲ ၂ဝဝ၆ အစရှိသဖြင့် တိုးပေးလိုက်မယ်ဆိုရင် လေလံဈေး သိသိသာသာ ထိုးကျသွားမှာ ဖြစ်တဲ့အပြင် မြန်မာနိုင်ငံက ကားဝယ်စီးသူတွေလည်း ဈေးနှုန်း သက်သက်သာသာနဲ့ ဝယ်စီးနိုင်မယ်လို့ ပြောပါတယ်။
အစိုးရက ကားအဟောင်းနဲ့ အသစ် လဲလှယ်ခွင့်ပါမစ်တွေ ထုတ်ပေးတဲ့အတွက် ပြည်တွင်းဈေးကွက်မှာလည်း ကားအဟောင်းဈေးတွေ အတက်အကျ မြန်ဆန်ပြီး မတည်မငြိမ် ဖြစ်နေတယ်လို့ သိရပါတယ်။
|
|
အီးမေးလ်ပို့ရန် |
|
|
ဤအကြောင်းကို ရယူရန် |
|
|
သတင်းလွှာမှာယူရန် |
|
|
ပုံနှိပ်ရန်... |
|
|
ဤအေုကာင်းကို မ္တွဝေရန် |
ဂျပန်ကြွေးမြီ လျှော်ပစ်ကြောင်း တရားဝင်ကြေညာ
မဲခေါင်ဒေသ ဖွံ့ဖြိုးရေး ဂျပန်ကူမည်
မြန်မာနိုင်ငံ ဒီမိုကရေစီရေးမှာ ဂျပန် ကူမယ်
ဂျပန် အထောက်အပံ့ မြန်မာ ပြန်ရဖွယ်ရှိ
ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့မည်
အညတရ သူရဲကောင်း ဂုဏ်ပြုပွဲ ဂျပန်မှာ ပြုလုပ်
ဂျပန် ODA ဒီမိုကရေစီအရေး အထောက်အကူ ဖြစ်စေချင်
ဂျပန်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံ သွားမယ်
ဂျပန်နိုင်ငံ ငြိမ်းချမ်းရေးစေတီက မြန်မာသံဃာတော်တွေကို ဂျပန်ဂေါပက ဖယ်ရှားခိုင်း
ဂျပန် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို ရှေ့လကုန် သွားဖို့ စဉ်းစား
မှတ်ချက်များ
Click here to add your own comment