နိုင်ငံအတွက် ကိုယ်ကျိုးစွန့် ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံရဲ့ ကြီးမြတ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ် မိမိရဲ့လုပ်ဖေါ်ကိုင်ဘက်တွေ ကိုယ်စား မိမိအနေနဲ့ ကိုယ်တိုင်ကိုယ်ကျ ကျေးဇူး ဥပကာရ တင်ရှိကြောင်း ပြောဆိုချင်ပါတယ်လို့ အင်နာ ဟဇာရီ က ရေးသားထားပါတယ်။ ဟဇာရီဟာ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေး အတွက် နှစ်ကြိမ်တိုင် အစာငတ်ခံဆန္ဒပြခဲ့ရာမှာ အိန္ဒိယ တပြည်လုံးက ပြည်သူတွေ တခဲနက် ထောက်ခံ အားပေးခဲ့ကြပြီး မြို့ကြီးပေါင်း ( ၄၅၀) ကျော်မှာ ဆန္ဒပြပွဲတွေ ကူးစက် ပျံ့နှံ့သွားခဲ့ပါတယ်။ အိန္ဒိယ အစိုးရက အင်နာ ဟဇာရီ နဲ့ စေ့စပ် ညှိနှိုင်းပြီး ဟဇာရီ ရဲ့တောင်းဆိုချက်တွေကို လိုက်လျောခဲ့ပါတယ်။