အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ ဆန္ဒပြပွဲ လူနှစ်ဦး သေဆုံး

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ အိန္ဒိယနိုင်ငံ အာသံပြည်နယ်မှာ ဒေသခံ တိုင်းရင်းသားတွေနဲ့ မူဆလင်တွေကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့မှာ ဆန္ဒပြပွဲ ကျင်းပခဲ့ရာမှာ အကြမ်းဖက်မှုတွေ ပေါ်ပေါက်ခဲ့တဲ့အတွက် အနည်းဆုံး လူနှစ်ယောက် သေဆုံးပြီး (၅၀) နီးပါး ဒဏ်ရာရခဲ့ ကြပါတယ်။
2012-08-11
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ

အစ္စလာမ်အဖွဲ့တွေ အများဆုံးပါဝင်တဲ့ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေက မွန်ဘိုင်းမြို့တောင်ပိုင်း Azad Maidan ကွင်းထဲမှာ စုရုံးခဲ့ကြပြီး မူဆလင်တွေ ဖိနှိပ်ခံနေရကြောင်း ရှုတ်ချကြောင်း ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။

အစပိုင်းမှာ ငြိမ်းငြိမ်းချမ်းချမ်း ရှိခဲ့တဲ့ ဆန္ဒပြပွဲဟာ ရုတ်တရက် ချက်ခြင်း အကြမ်းဖက်ပွဲအဖြစ် ပြောင်းလဲသွားခဲ့ကြောင်း ဘာကြောင့်အဲသလို ပြောင်းလဲသွားရသလဲဆိုတဲ့ အကြောင်းရင်းကို မသိရသေးကြောင်း ရဲက ပြောပါတယ်။

ဆန္ဒပြသူတွေရဲ့ တိုက်ခိုက်မှုကြောင့် ရုပ်သံသတင်းဌာနတွေက ကားသုံးစီး မီးရှို့ခံခဲ့ရပြီး ရဲကားတချို့နဲ့ ဘတ်စ်ကားတွေရဲ့ လေကာရှေ့မှန်တွေ ကွဲအက်ပျက်စီးခဲ့ကြောင်း၊ လူနှစ်ယောက် သေဆုံးပြီး ရဲတပ်ဖွဲ့ဝင် (၃၆) ယောက်အပါအ၀င် စုစုပေါင်း ၄၆ ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။

အကြမ်းဖက်မှုတွေကို ရဲက မျက်ရည်ယိုဗုံးနဲ့ နံပါတ်တုတ်တွေ သုံးစွဲပြီး ဖြိုခွဲခဲ့ရပါတယ်။ အခုအခါ အခြေအနေတွေကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး တခြားနေရာတွေကို ကူးစက်မသွားအောင် မွန်ဘိုင်းမြို့မှာ လုံခြုံရေးအဖွဲ့တွေ တိုးမြှင့်ချထားပါတယ်။ အကြမ်းဖက်မှု ဖြစ်ပွားတဲ့ အကြောင်းရင်းကို စုံစမ်းနေကြောင်းလည်း ရဲက ပြောပါတယ်။

ကွန်မင့်များ (3)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

ရွှေမြန်မာ

နေရပ်- ထိုင်းနိုင်ငံ (ခေတ္တ)

မြန်မာနိုင်ငံတော်ကြီးကို ရှေးရှေးပဝေသဏီကတည်းက ရှိရင်းစွဲဖြစ်ခဲ့သော ဗုဒ္ဓဘာသာယဉ်ကျေးမှု ရိုးရာဓလေ့အပေါ်မှာ မှီတွယ်လျက် ဖွဲ့စည်းတည်ထောင်ထားခဲ့သည့်အတွက်ကြောင့် မနေ့တနေ့ကမှ မြန်မာလူမျိုးအဖြစ်ခံယူလာခဲ့ကြသည့် မူဆလင်စသော အခြားဘာသာဝင်တို့ကို မြန်မာလူမျိုးအဖြစ် အသိအမှတ်မပြုချင်သော စစ်ဝါဒီတို့၏မူဝါဒကို အမှားဟုမယူဆသင့်ပါ။ မနေ့တနေ့ကမှ သင့်အိမ်အပေါ်တက်လာပြီး သင့်အိမ်ထောင်စု(မိသားစု)စာရင်း အတင်းသွင်းသည်ကို သင်လက်ခံနိုင်ပါမည်လော။ ကိုယ်ချင်းစာပါ။

Oct 06, 2012 04:33 AM

စိန်မောင�

နေရပ်- ခ)ဂျားမား (ရန်ကုန်ကန်တော်လေး

ငါတို့မိသားစုလဲအစ္စလာမ်ဘာသာဘဲ၊ရိုဟင်ဂျာမဟုတ်ဘူးငါတို့အဖိုး၊အဖွါးလဲမြန်မာနိုင်ငံသားဘဲ၊ရိုဟင်ဂျာဆိုတဲ့လူမျိုးကိုတို့ အဖိုး၊အဖွါးတောင်မကြားဘူးလို့ ပြောတယ်။မင်းတို့ ကြောင့်တို့ ပြည်တွင်းကအစ္စလာမ်ဘာသာဝင်တွေသိက္ခာကျတယ်။ဘာသာရေးကိုခုတုံးမလုပ်ပါနဲ့ ။။

Aug 16, 2012 01:02 PM

အမည်မဖော်လိုသူ

မြန်မာပြည်မှာ အစ္စူလာမ်ဘာသာဝင်ဆိုရင် နိုင်ငံသားရယ်လို့ အသိအမှတ်မပြုချင်တဲ့ စစ်ဝါဒီ တသိုက်ရဲ့ စရိုက်ဆိုးကြောင့် တကမ္ဘာလုံး ရန်မီးတွေ ပွားကုန်ပြီ။

Aug 12, 2012 02:14 PM