အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည် ရောက်ရှိ

အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ပေးဖို့ အဆင်သင့် ဖြစ်မဖြစ် အချက်အလက် စုဆောင်း ရယူနိုင်ဖို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Marty Natalegawa ဟာ မြန်မာနိုင်ငံကို မနေ့က ရောက်ရှိ လာပါတယ်။

လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုးနီးရှားနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးဟာ သမ္မတ ဦးသိန်းစိန်၊ လွှတ်တော် ဥက္ကဋ္ဌတွေ ဖြစ်တဲ့ သူရ ဦးရွှေမန်း နဲ့ဦးခင်အောင်မြင့် တို့အပြင်၊ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင် တို့နဲ့ပါ တွေ့ဆုံမယ်လို့ အင်ဒိုနီးရှား အစိုးရ Antara သတင်းဌာနက ရေးသားထားပါတယ်။ လာမယ့် နိုဝင်ဘာလ ၁၄ ရက်ကနေ ၁၉ ရက်နေ့အထိ ဘာလီကျွန်းမှာ အာဆီယံ ထိပ်သီး အစည်းအဝေး မကျင်းပခင်မှာ မြန်မာနိုင်ငံရဲ့ အခြေအနေကို လာရောက် လေ့လာတာလို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အတွက် ဆက်လက် ဆောင်ရွက်သွားဖို့လိုအပ်နေပြီး မြန်မာနိုင်ငံဟာ ၂ဝ၁၄ မှာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူဖို့ အချိန်တန်ပြီလားဆိုတာ နိုင်ငံရေး လောကမှာရော နိုင်ငံတကာ အသိုင်းအဝိုင်းမှာပါ သံသယ ရှိနေပါတယ်။ ပြီးခဲ့တဲ့ မေလအတွင်းက သမ္မတ ဦးသိန်းစိန်ဟာ အင်ဒိုနီးရှားနိုင်ငံကို သွားရောက်ခဲ့ပြီး အင်ဒိုနီးရှား သမ္မတ နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ဒီခရီးစဉ်နဲ့ ပတ်သက်လို့ လေ့လာသူတွေရဲ့ သုံးသပ်ချက်တွေ အကြောင်း RFA ဝိုင်းတော်သား ကိုဝင်းနိုင် တင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။

0:00 / 0:00