အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမင်းလွင် ကလည်း မြန်မာနဲ့ အင်ဒိုနီးရှား နှစ်နိုင်ငံအကြား အပြန်အလှန်လေးစားမှုနဲ့ နားလည်မှုတို့ကိုအခြေခံပြီး နွေးထွေး ချစ်ကြည်စွာဆက်ဆံရေးကို ထူထောင်ထားရှိခဲ့ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီဂါဝါကို ပြန်လည်ပြောဆိုပါတယ်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီဂါဝါ ဟာ မနက်ဖန် ဇန်နဝါရီလ ၇ရက်နေ့မှာ မြန်မာနိုင်ငံကို ၂၄ နာရီကြာ အလည်အပတ်သွားရောက်ပါလိမ့်မယ်။
အဲဒီခရီးစဉ်အတွင်း ရခိုင်ပြည်နယ်က ဒုက္ခသည်တွေအတွက် အမေရိကန် ဒေါ်လာ ၁သန်းလှူဒါန်းမယ်လို့ အင်ဒိုနီးရှားနိုင်ငံက ထုတ်ပြန်ကြေညာထားပါတယ်။