မြန်မာရွေးကောက်ပွဲစိစစ်ဖို့ အင်ဒိုနီးရှားအမတ်တိုက်တွန်း

အာဆီယံအဖွဲ့ရဲ့ အနာဂတ် ဥက္ကဋ္ဌ နိုင်ငံအနေနဲ့ မြန်မာစစ်အစိုးရရဲ့ နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက် ပွဲ အပေါ် ဦးဆောင် စစ်ဆေးသုံးသပ်ဖို့ အင်ဒိုနီးရှား လွှတ်တော်အမတ်တဦးက နိုဝင်ဘာ ၁၅ ရက် ဒီကနေ့ တိုက်တွန်း လိုက်ပါတယ်။

2010.11.15
election_vote_count_305_z.png မြန်မာစစ်အစိုးရက နိုဝင်ဘာ ၇ ရက်နေ့တွင် ကျင်းပသော ရွေးကောက်ပွဲတွင် ရန်ကုန်မြို့ရှိ မဲရုံတခုမှ တာဝန်ရှိသူများ မဲရေတွက်နေခြင်း ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

အင်ဒိုနီးရှား လွှတ်တော်အမတ် ဘူဒီမန် ဆတ်ဂျာမီကိုဟာ အင်ဒိုနီးရှား ပါလီၤမန်မှာ ပြည်တွင်း အုပ်ချုပ်ရေးနဲ့ အထူး အုပ်ချုပ်ခွင့်ရ ဒေသများဆိုင်ရာ ကော်မရှင်အဖွဲ့ဝင်တဦး ဖြစ်ပြီး မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့က အဖွဲ့ဝင် အမတ်တဦးလည်း ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ ၂၀၁၁ အတွက် အာဆီယံအဖွဲ့ အလှည့်ကျ ဥက္ကဋ္ဌ နိုင်ငံဖြစ်လာမှာ ဖြစ်ပါတယ်။ အင်ဒိူနီးရှားနိုင်ငံဟာ အခု မြန်မာနိုင်ငံ ရွေးကောက်ပွဲမှာ လွန်ခဲ့တဲ့ ၁၂ နှစ်က ရင်ဆိုင်ခဲ့ရပြီး အခုချိန်မှာ နှုတ်ဆိတ်မနေသင့်ဘူးလို့လည်း သူက ပြောပါတယ်။

အင်ဒိူနီးရှားနိုင်ငံအနေနဲ့ ကိုယ့်နိုင်ငံ အတွေ့အကြုံကို တခြားနိုင်ငံတွေ အတုယူနိုင်ဖို့ ပြန်လည် ဝေငှသင့်တယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။