စက်ရုံတည်ဆောက်နိုင်ဖို့အတွက် လုပ်ငန်းလိုအပ်ချက်နဲ့ နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ငွေတောင်းခံတာကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ အနေနဲ့ အာမခံပေးဖို့ လိုအပ်တယ်လို့ ပြည်ထောင်စုလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်က လွှတ်တော်မှာ ပြောကြားသွားပါတယ်။
၂၀၁၂-၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် စက်မှုဝန်ကြီးဌာနက သံမဏိစက်ရုံအတွက် ဘဏ္ဍာငွေတောင်းခံမှုဟာ မြန်မာနိုင်ငံမှာ အမျိုးသားဝင်ငွေရဲ့ ၁၀ ရာခိုင်နှုန်းကျော် ရှိတယ်လို့ အမျိုးသားဒီမိုကရေစီ ပါတီသစ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က RFA ကို ပြောကြားခဲ့ပါတယ်။
သံမဏိစက်ရုံ တည်ဆောက်မှုနဲ့ လိုအပ်တဲ့ လုပ်ငန်းတွေဆောင်ရွက်ရာမှာ ဆက်နွယ်နေတဲ့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီှးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန အသီးသီးက ပြည်ထောင်စုဝန်ကြီးတွေကလည်း လုပ်ငန်းလိုအပ်ချက် ဆောင်ရွက်နိုင်ဖို့အတွက် အာမခံကတိတွေ ပေးသွားခဲ့ကြပါတယ်။
၂၀၁၂ခုနှစ် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေကြမ်းအပေါ် နိုင်ငံတော်သမ္မတရဲ့ သဘောထားမှတ်ချက်တွေနဲ့ ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ် (၅) ဦးက ဆွေးနွေးခဲ့ကြပါတယ်။