အဲဒီ ဈေးသည် ၁၁ ဦးကို စစ်ဆေးပြီးတဲ့နောက် ကိုယ်ပိုင် ခံဝန်ချက်ပေးပြီး နောက်တစ်ပတ် အင်္ဂါနေ့ကို ရုံးချိန်းထပ်မံ သတ်မှတ်လိုက်တယ်လို့ ဈေးသည်တွေရဲ့ ရှေ့နေ ဦးအောင်သူရိန်ထွန်းက RFA ကို ပြောပါတယ်။
ဈေးရောင်းချခွင့် ပြန်လည်ရရှိဖို့ သြဂုတ်လ ၆ ရက်နေ့က တောင်းဆို ဆန္ဒဖော်ထုတ်ခဲ့ကြတဲ့ လမ်းဘေးဈေးသည်တွေကို ရဲဘက်က အဲဒီနေ့ ညနေ ၃ နာရီမှာ ဖမ်းဆီး ခေါ်ဆောင်သွားပေမယ့် အဲဒီနေ့ ညပိုင်းမှာပဲ အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။
အင်းစိန်ပန်းခြံအနီး ဒက္ခိဏလမ်းမှာ လွန်ခဲ့တဲ့နှစ် (၂၀) လောက်ကတည်းက ဈေးရောင်းချလာခဲ့တဲ့ ဈေးသည် တစ်ရာကျော်ကို အဲဒီနေရာမှာ လုံး၀ ဈေးမရောင်းတော့ဖို့ သြဂုတ်လ ၃ ရက်နေ့စလို့ အာဏာပိုင်တွေက ပိတ်ပင်လိုက်တဲ့ အတွက်ကြောင့် ဈေးသည်တွေ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
