အဖွဲ့ဝင်နိုင်ငံပေါင်း ၁၆၀ ရှိတဲ့ IPU မှာတောင်ဆူဒန်က ၁၆၁ နဲ့ မြန်မာက ၁၆၂ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်သွားကြပါတယ်။
ယူဂန်ဒါနိုင်ငံ ကမ်ပါလာမြို့မှာ ကျင်းပနေတဲ့ ၆ ရက်ကြာ IPU ညီလာခံ နောက်ဆုံးနေ့မှာ အဖွဲ့ ဥက္ကဋ္ဌ မစ္စတာ ရာဒီ က- " မြန်မာနဲ့ တောင် ဆူဒန်နိုင်ငံတွေ အသစ်ပါဝင်လာကြလို့ အခုဆိုရင် IPU မှာအဖွဲ့ဝင် ၁၆၂ နိုင်ငံ ရှိသွားပါပြီ။ အခုလို IPU အဖွဲ့ဝင်ဖြစ်လာတာဟာ သက်ဆိုင်ရာ နိုင်ငံတွေအတွက် သူတို့ရဲ့ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်မှုမှာ စာမျက်နှာသစ် ဖွင့်လိုက်တာပဲဖြစ်ပါတယ်။ နိုင်ငံသစ်တွေကို IPU က ကြိုဆိုပါတယ်။ သူတို့ တိုင်းပြည်တွေမှာ ပါလီမန် ဒီမိုကရေစီစနစ် အခြေခံအုတ်မြစ်တွေ ခိုင်မာလာအောင် တည်ဆောက်တဲ့နေရာမှာ မိမိတို့က ကူညီထောက်ပံ့ အားပေးကြမှာ ဖြစ်ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။
IPU ခေါ် နိုင်ငံတကာ ပါလီမန်လွှွှတ်တော်များ သမဂ္ဂကို ၁၈၈၉ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ပါလီမန်ကိစ္စတွေ ဆွေးနွေးရေး၊ ငြိမ်းချမ်းရေး ဆောင်ရွက်ရေး၊ တိုင်းပြည် လူထုတွေကြား ပူးပေါင်းဆောင်ရွက်ရေး၊ ဒီမိုကရေစီစနစ် ခိုင်မာရေးတို့အတွက် ထူထောင်ခဲ့တာဖြစ်ပါတယ်။
