လူငယ်နှစ်ဦး ပစ်သတ်ခံရမှု ထင်မြင်ချက်များ ထွက်ပေါ်

ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက် စနေနေ့ည သန်းခေါင်ကျော် တနင်္ဂနွေနေ့မနက်မှာ နယ်မြေခံစစ်တပ်က အရာရှိနဲ့ အချေအတင် စကားများရာက စစ်သားတွေက သေနတ်နဲ့ ပစ်လို့ ပဲခူးမြို့ ဇိုင်းဂနိုင်းရပ်ကွက်က အရပ်သားလူငယ်နှစ်ဦး သေဆုံးသွားခဲ့ရတဲ့ အမှုကိစ္စနဲ့ ပတ်သက်ပြီး ထင်မြင်ချက်အမျိုးမျိုးထွက်ပေါ်နေတာကို ကြားသိရပါတယ်။

0:00 / 0:00

တချို့က အရာရှိနဲ့ ဆိုင်ကယ်ချင်း တိုက်မိပြီး စကားအချေအတင် ဖြစ်ကြတာလို့ ပြောကြသလို တချို့ကလည်း အရက်ဆိုင်ကအထွက် စကားများရင်းနဲ့ ဖြစ်ကြတာလို့ ဆိုကြပါတယ်။ သေဆုံးသူတွေရဲ့အလောင်းတွေကို သဂြိၤုလ်တဲ့အချိန်အထိ မိသားစုဝင်တွေ ကြည့်ခွင့်မရဘူးဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာပါတယ်။

ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး သေဆုံးသူ မောင်အောင်သူဟိန်းနဲ့ မောင်စိုးပိုင်ဇော်တို့ရဲ့ မိသားစုဝင်တွေနဲ့ တွေ့ဆုံခဲ့တဲ့ ပဲခူးမြို့က လူမှုကူညီရေးလုပ်ငန်းတွေ လုပ်ဆောင်နေသူ လမ်းပြကြယ်အဖွဲ့က ဦးအေးမြင့်ကို RFA မှ ဒေါ်ခင်ခင်အိက ဆက်သွယ် မေးမြန်းထားပါတယ်။

အသံဖိုင်ယူရန်