အာရှကုမ္ပဏီ အများအပြား မြန်မာနိုင်ငံမှာ ရင်းနှီး မြှုပ်နှံလို


2014.05.05

မြန်မာနိုင်ငံဟာ စီးပွါးရေးလုပ်ငန်းတွေ လုပ်ကိုင်ဖို့ အလားအလာကောင်းတွေ အများကြီး ရှိတာမို့ အာရှ ကုမ္ပဏီတွေ အများအပြားက ရင်းနှီး မြှုပ်နှံလိုကြတယ်လို့ စင်ကာပူနိုင်ငံ အခြေစိုက် UOB ဘဏ်လုပ်ငန်းအဖွဲ့က ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

သူတို့အဖွဲ့က စင်ကာပူ လုပ်ငန်းရှင် ၆၄ အပါအဝင်  အာရှကုမ္ပဏီ ပေါင်း ၁ဝဝ ကျော်ကို လိုက်လံ မေးမြန်း စစ်တမ်း ကောက်ယူရာမှာ ၇ဝ ရာခိုင်နှုံးကျော်ကျော်က လာမယ့် တစ်နှစ်ကာလအတွင်းမှာ သွားရောက် လုပ်ငန်း ချဲ့ထွင်ဖို့ အစီအစဉ်ရှိကြတယ်လို့ ဆိုပါတယ်။

UOB ညွှန်ကြားရေးမှူးတစ်ဦးဖြစ်သူ Mr Sam Cheong က မြန်မာနိုင်ငံမှာ အပြည့်အဝ အသုံးမချနိုင်သေး တဲ့ ပြည်တွင်း ဈေးကွက်ကြီးရှိနေတဲ့ အပြင်၊ စီးပွါးရေးလုပ်ငန်းတွေအတွက် အခြေခံ လိုအပ်ချက်တွေ အမြောက်အများ ရှိနေတာကြောင့် ရင်းနှီး မြှုပ်နှံလိုကြတာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါပေမယ့် ဥပဒေ စည်းမျဉ်းတွေနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု နည်းပါးတာရယ် ၊ ဘဏ်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အားနည်းချက်တွေ အများအပြား ရှိနေတာရယ်က စင်ကာပူ လုပ်ငန်းရှင်တွေကို  ဘဝင်မကျ စိတ်မအေးနိုင်ပဲ ရှိစေတယ်လို့လဲ UOB ညွှန်ကြားရေးမှူးက ပြောကြားကြောင်း စင်ကာပူ နိုင်ငံထုတ် The Straits Times သတင်းစာမှာ  ဖေါ်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။