မှော်ဘီမြို့နယ်၊ သန္ဓေပင်ကျေးရွာအုပ်စု၊ ရန်ကုန်-ပြည် ကားလမ်းနံဘေးမှာရှိတဲ့ အမှတ် (၅၀၁၀) တင့်ကားတပ်ရင်းမှာ ဇန်နဝါရီလ ၂၁ ရက်နေ့က လက်နက်တိုက် ဖောက်ထွင်းခံရတာနဲ့ ပတ်သက်ပြီး စစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေပြီလို့ နေပြည်တော် မှုခင်းရဲတပ်ဖွဲ့က ဒုရဲမှူးကြီး မင်းအောင်က RFA ကိုပြောပါတယ်၊
“တိုင်းနဲ့ပြည်နယ်အားလုံးပေါ့၊ ဗမာနိုင်ငံတစ်နိုင်ငံလုံးကို ဒီသတင်းကို ကျနော်တို့က ချပြပြီးမှ ကားဂိတ်တွေ၊ ရထားဂိတ်တွေ၊ ကျန်တဲ့စစ်ဆေးတဲ့ Tool ဂိတ်တွေ အဝင်ဂိတ်တွေမှာ စစ်ဆေးဖို့ ညွှန်ကြားပြီးတော့မှ အားလုံးလုပ်နေပါတယ်ဗျ။ ဒါပေမဲ့ လောလောဆယ် လက်ရှိအချိန်ထိတော့ သတင်းထူးတာတော့ မရသေးပါဘူး။ သေနတ်ကတော့ သေနတ်အရှည်ဖြစ်တဲ့အတွက် လမ်းထဲကဖြတ်လာရင် ရနိုင်ဖို့တော့ ပိုများပါတယ်။”
လက်နက်တိုက်အတွင်းထဲက MA-1 အမျိုးအစား ရိုင်ဖယ်သေနတ်နှစ်လက်၊ ခဲယမ်းသေတ္တာအတွင်းမှ ၉ မမ ယမ်းပြင်းကျည် ၁၀တောင့်ပါ ၅ ကဒ် စုစုပေါင်း ကျည်အတောင့် ၅၀၀ ပျောက်ဆုံးနေတယ်လို့လည်း ပြောပါတယ်၊
အခုလို လက်နှက်တွေပျောက်ဆုံးနေတာနဲ့ ပတ်သက်ပြီး မှော်ဘီရဲစခန်းမှာအမှုဖွင့်ကာ တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်နေပြီလို့လည်း သူက ပြောပါတယ်၊
နေပြည်တော်မှုခင်းရဲတပ်ဖွဲ့က ဒုရဲမှူးကြီး မင်းအောင်ကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။