အဲဒီ ၃ရွာက ရွာသား ၈၄ယောက်ဟာ ပြီးခဲ့တဲ့လ ၂၄ရက်နေ့က ရတနာပုံ တံတားစီမံကိန်းအတွက် ယာယီ အသုံးပြုဖို့အတွက် သိမ်းယူခဲ့တဲ့မြေ ဧက ၅၀ကျော်ကို ပြန်လည်ရရှိဖို့ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်း အဆင့်ဆင့်ကို တင်ပြတောင်းဆိုခဲ့တာဖြစ်ပါတယ်။
ဒီနေ့မှာတော့ ပထမဦးဆုံး ၃ယောက်ကို စစ်ဆေးခဲ့ပြီး မနက်ဖြန်မှာ ၅ယောက်ကို ဆက်လက် စစ်ဆေးမှာဖြစ်သလို တောင်းဆိုသူ အားလုံးကို အလှည့်ကျ ခေါ်ယူစစ်ဆေးသွားမယ်လို့ သိရပါတယ်။
စစ်ကိုင်းဘက်ခြမ်းက မြေတွေကို မူလပိုင်ရှင်တွေကို ပြန်လည်ပေးအပ်ခဲ့ပြီးဖြစ်ပေမယ့် မန္တလေးဘက်အခြမ်းက သိမ်းယူခံထားရတဲ့ လယ်မြေတွေတော့ ပြန်မပေးသေးဘူးလို့ သိရပါတယ်။ အသိမ်းခံထားရတဲ့ မြေတွေပေါ်မှာ ဆောက်လုပ်ရေးဝန်ထမ်း အိမ်ယာေတွေ တည်ဆောက်နေတာကြောင့် အဲဒါကို ကန့်ကွက်တောင်းဆိုနေခဲ့ကြတာပါ။
ရတနာပုံတံတား တည်ဆောက်ရေး စီမံကိန်းကို ၂၀၀၁ခုနှစ်၊ အောက်တိုဘာလ ၃၀ရက်နေ့မှာ စတင်ခဲ့ပြီး တည်ဆောက်ဖို့ မြေယာတွေသိမ်းယူခဲ့တာဖြစ်ပြီး နောက်ဆက်တွဲ ဒေသခံရွာသား ရာပေါင်းများစွာဟာ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ လယ်သမားတွေက RFA ကို ပြောပါတယ်။
