လာမယ့် ဖေဖော်ဝါရီလထဲမှာ ကရင်ပြည်နယ် ဘားအံမြို့မှာကျင်းပမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်နဲ့ ဦးခွန်ထွန်းဦးတို့ကို ဖိတ်ကြားသွားမယ်လို့ ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ လေး ဝါးမှာ ကျင်းပနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ညီလာခံနောက်ဆုံးနေ့မှာ ပြောကြား လိုက်ပါတယ်။
ဒါ့အပြင် တိုင်းရင်းသားအဖွဲ့တွေအားလုံး သဘောတူတဲ့မူကြမ်းကို မနက်ဖြန်မှာ လက်မှတ်ထိုးပြီး သတင်းစာရှင်းလင်းပွဲ ကျင်းပသွားမှာဖြစ်ပါတယ်။
မူကြမ်းထဲမှာ အရင်က ဖက်ဒရယ်တပ်မတော်ဆိုပြီး သုံးနှုန်းထားတာကို ပြည်ထောင်စုတပ်မတော် လို့ ပြောင်းလဲလိုက်ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးဟာ အစိုးရနဲ့ လာမယ့်ဖေဖော်ဝါရီလအတွင်း ဘားအံမြို့မှာ ဆက်လက်တွေ့ဆုံကြမှာ ဖြစ်ပါတယ်။