ဧရာဝတီ ထိန်းသိမ်းရေး ဟောပြောပွဲ

မြစ်ဆုံ ရေအား လျှပ်စစ်စီမံကိန်း ရပ်တန့်ရေး အပါအဝင် ဧရာဝတီမြစ် ထိန်းသိမ်း ကာကွယ်ရေးအတွက် အသိပညာပေး ဟောပြောပွဲ တစ်ခုကို ရန်ကုန်မြို့၊ ရွှေဂုံတိုင်မှာရှိတဲ့ Excel တာဝါမှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။

အဓိက ဟောပြောခဲ့ကြသူတွေကတော့ (၈၈) မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုဂျင်မီ၊ Eco-Dev အဖွဲ့က သစ်တောနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် ဦးဝင်းမျိုးသူ၊ ရေအရင်းအမြစ် စီမံခန့်ခွဲမှုဆိုင်ရာ ပညာရှင် ဒေါက်တာ ဒေါ်ခင်နီနီသိန်း၊ မြစ်ကြောင်းနဲ့ သဘာဝပတ်ဝန်းကျင်တွေကို လေ့လာ မှတ်တမ်းတင်နေသူ ဦးစိန်မျိုးမြင့်တို့ ဖြစ်ပါတယ်။

ဒီဟောပြောပွဲကို မနက် (၉) နာရီကနေ နေ့လည် (၁၂) နာရီအထိ ကျင်းပခဲ့တာဖြစ်ပြီး ပရိသက် (၃၀၀)ကျော် တက်ရောက်ခဲ့ပါတယ်။