ကနေဒါနိုင်ငံက သတ္တုတူးဖေါ်ရေး ကုမ္ပဏီဖြစ်တဲ့ Ivanhoe ကုမ္ပဏီဟာ မြန်မာနိုင်ငံ မုံရွာကြေးနီ တူးဖေါ်ရေး လုပ်ငန်းအတွေက် Monywa Trust
ဘဏ္ဍာရေးအဖွဲ့က ငွေပေး ကတိစာချုပ်အရ အမေရိကန် ဒေါ်လာ ၁၀၃ သန်း ရရှိခဲ့ကြောင်း ဒီကနေ့ ထုတ်ပြန် ကြေညာလိုက် ပါတယ်။
(Photo: Colegota / Wikimedia)
မြန်မာနိုင်ငံ အလယ်ပိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ကမ်းတွင် တည်ရှိသော မုံရွာမြို့အ၀င် မုခ်ဦး ဖြစ်ပါသည်။
Ivanhoe ကုမ္ပဏီဟာ မြန်မာစစ်အစိုးရ ဦးပိုင်ကုမ္ပဏီနဲ့ အကျိုးတူ ပူးတွဲ လုပ်ကိုင်ခဲ့ရာ အစုရှယ်ယာ ၅၀% ပိုင်ဆိုင်ခဲ့ပါတယ်။ အဲဒီလို လွှဲပြောင်းရာမှာ Monywa
Trust ဘဏ်လုပ်ငန်း အဖွဲ့က ငွေပေးကတိ စာချုပ်တရပ် ထုတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ သူတို့ လက်လွှဲ လုပ်ကိုင်နေတဲ့ ကုမ္ပဏီ အမည်ကိုတော့
Ivanhoe က ထုတ်ပြန် ကြေညာခြင်း မရှိဘဲ ရေငုံနုတ်ပိတ် နေခဲ့တယ်လို့ CFOB ကနေဒါ မြန်မာ့မိတ်ဆွေများ အဖွဲ့ကပြောပါတယ်။
မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်နဲ့ တရုတ် လက်နက် ထုတ်လုပ်တဲ့ ကုမ္ပဏီ Norinco တို့ ကန်ထရိုက် စာချုပ် လက်မှတ် ရေးထိုးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး
မြန်မာ့အလင်း သတင်းစာထဲမှာ ဖေါ်ပြထားတဲ့ အကြောင်း ကိုတော့ CFOB အဖွဲ့က ဦးဆောင်ညွှန်ကြားရေးမှူး ဦးတင်မောင်ထူးက အခုလိုပြောပါတယ်။
“အဲဒါနဲ့ ပတ်သက်ပြီးတော့ ဒီက နိုင်ငံရေးသမားတွေ အစိုးရ အဖွဲ့ဝင်တွေ ပြည်သူတွေကို ပြောပြတယ်။ ဖိအားပေး တာတွေလည်း လုပ်တယ်။ Ivanhoe က သူတို့
အစုရှယ်ယာတွေကို ရောင်းလိုက်ပြီလို့ ၀န်ခံပြီး ပြောလာတယ်။ အခုမှ ၀န်ခံတာ ကျနော်တို့ တောက်လျှောက် ပြောလာတာကို မဟုတ်ပါဘူး။ မရောင်းရသေးဘူး။
ရှိနေစဲပါလို့ ငြင်းဆန်ခဲ့တယ်။ တချိန်တည်းမှာ ကျနော်တို့တွေက မမှန်တဲ့ သတင်းတွေ ထုတ်ပြောခဲ့တယ် ဆိုတာမျိုး ပြောခဲ့တာတွေ ရှိတယ်။ အခုမှ
ဟုတ်ပါတယ်ဆိုပြီး ၀န်ခံတာပါ”
မြန်မာနိုင်ငံ အပေါ်ချမှတ်ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေနဲ့ ငြိစွန်းခြင်း ရှိမရှိ စုံစမ်း အရေးယူပေးဖို့ CFOB အဖွဲ့အနေနဲ့ ကနေဒါ အစိုးရကို မကြာသေးမီက
ပန်ကြားထားတယ် လို့လဲ သိရပါတယ်။
မှတ်ချက်များ
Click here to add your own comment