အကျဉ်းထောင် ပြုပြင်ရေး ဥပဒေမူကြမ်း လွှတ်တော်မှာ တင်ပြပေမဲ့ ဆက်လက် မဆွေးနွေး

2011-08-30

အတိုက်အခံ ပါတီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ ပါတီသစ် ခေါင်းဆောင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် တင်သွင်းတဲ့ ၂၁ရာစုနဲ့ ညီညွတ်တဲ့၊ ဂုဏ်သိက္ခာကို အာမခံနိုင်တဲ့ အကျဉ်းထောင် အက်ဥပဒေသစ် မူကြမ်းကို ပြည်သူ့ လွှတ်တော်မှာ မနေ့က ဆွေးနွေးခဲ့ပါတယ်။

(Photo:RFA/Tyler Chapman)

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့အနီးရှိ နာမည်ဆိုးဖြင့် ကမႝာကျော်သော အင်းစိန်ထောင် ဖြစ်ပါသည်။ (Photo:RFA/Tyler Chapman)

ဒါပေမယ့် လက်ရှိအစိုးရ ပြည်ထဲရေး ၀န်ကြီးဌာနကလည်း အကျဉ်းထောင် ဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး အဆို တင်သွင်းဖို့ ရှိတာကြောင့် ပြည်သူလွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဦးသိန်းညွန့် တင်သွင်းတဲ့ အဆိုကို ဆက်လက် ဆွေးနွေးရန် မလိုကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

ဒါနဲ့ ပတ်သက်လို့ လွှတ်တော် အမတ် ဦးသိန်းညွန့် က ပြည်ထဲရေး ၀န်ကြီးဌာနရဲ့ အဆိုကို လွှတ်တော်မှာ တင်ပြတဲ့အခါ သူ့အမြင် ကိုယ့်အမြင် တင်ပြခွင့် ရမှာမို့ မိမိအနေနဲ့ ကျေနပ်ကြောင်း၊ ၀ိုင်းဝန်း ဆွေးနွေးကြမှာ ဖြစ်တဲ့အတွက် ပိုပြီး ပြည့်စုံတဲ့ ဥပဒေ မူကြမ်းတရပ် ပေါ်ပေါက် လာနိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ ပြည်ထဲရေး ၀န်ကြီးဌာနက တင်သွင်းမယ့် အကျဉ်းထောင် ဥပဒေ ပြင်ဆင်ရေး ဥပဒေ မူကြမ်း အသေးစိတ်ကို လွှတ်တော် အမတ်တွေ မသိရှိ ရသေးဘူးလို့ ဦးသိန်းညွန့်က ပြောပါတယ်။

မနေ့က ကျင်းပတဲ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ ၁၉၅၀ ခုနှစ်က ပြဌာန်းခဲ့တဲ့ နိုင်ငံတော် အရေးပေါ် အခြေအနေ အက်ဥပဒေ ရုပ်သိမ်းရေး အဆိုကို ဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်။

ဒီအကြောင်း အသေးစိတ်နဲ့ ပတ်သက်ပြီး မအင်ကြင်းနိုင်က လွှတ်တော်အမတ် ဦးသိန်းညွန့်ကို ဆက်သွယ် မေးမြန်းခဲ့ ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

ကုလအတွင်းရေးမှူးချုပ် မြန်မာနိုင်ငံ ရောက်ရှိ

ဂျပန်ကြွေးမြီ လျှော်ပစ်ကြောင်း တရားဝင်ကြေညာ

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုတွေကို အီးယူ ကော်မရှင်နာမင်းကြီး အားရ

တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေရမယ်လို့ လွှတ်တော်ဥက္ကဋ္ဌ ကတိပေး

ပညာရေးနဲ့ ကျန်းမာရေးမှာ ပိုပြီးရင်းနှီးမြှုပ်နှံဖို့ ကုလ အထူးကိုယ်စားလှယ် တိုက်တွန်း

တရားဥပဒေ စိုးမိုးမှု အနည်းဆုံး ၁ဝ နိုင်ငံစာရင်းမှာ မြန်မာ ထိပ်ဆုံးကပါနေ

CIA ညွှန်ကြားရေးမှူး မြန်မာနိုင်ငံ သွားရောက်ဖွယ်ရှိ

ပိတ်ဆို့မှုတချို့ လျှော့ချတာနဲ့ ပတ်သက်လို့ ပညာရှင်တစ်ဦး အမြင်

ဒေါက်တာ ဂျိုးဇက် စတစ်ဂလစ် မြန်မာနိုင်ငံကို ဒုတိယအကြိမ် လာမယ်

အတိတ်က ဖြစ်ရပ်တွေကို ၀န်ခံမှ မြန်မာပြည် ရှေ့ကို တိုးနိုင်မည်