အစ္စလာမ် ကာကွယ်ရေးတပ်ဦး (FPT) နဲ့ (JAT) စတဲ့ အဖွဲ့တွေက လူ (၃၀၀) လောက်က မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မူဆလင်တွေအပေါ် လူမျိုးတုံး သတ်ဖြတ်နေတဲ့ကိစ္စ ရပ်ဆိုင်းရေးဆိုပြီး ဆန္ဒပြကြတာ ဖြစ်ပါတယ်။
ဆန္ဒပြ ခေါင်းဆောင်တစ်ယောက်က မြန်မာ သံရုံးအရာရှိတွေနဲ့ တွေ့ဆုံလိုကြောင်း အသံချဲ့စက်ကတဆင့် ခြိမ်းခြောက် တောင်းဆိုခဲ့ကြောင်း အေအက်ပီ သတင်းက ဖော်ပြပါတယ်။
ဒါပေမဲ့ ဆန္ဒပြသူတွေဟာ လုံခြုံရေးတပ်ဖွဲ့ (၅၀) လောက် စောင့်ကြပ်ပေးနေတဲ့ မြန်မာသံရုံးထဲကို ၀င်ရောက်ဖို့ မကြိုးစားဘဲ ကုလသမဂ္ဂ ရုံးတစ်ရုံးဆီကို ဆန္ဒပြဖို့ ထွက်ခွာသွားခဲ့ကြတယ်လို့ သိရပါတယ်။
ဒီအတွင်း အာရပ်စော်ဘွားများနိုင်ငံ (UAE) နိုင်ငံခြားရေး ၀န်ကြီးက မြန်မာနိုင်ငံမှာ အစ္စလာမ် ဘာသာဝင်တွေ ဖိနှိပ်ခံနေတဲ့ကိစ္စ ရပ်ဆိုင်းရေးအတွက် အရေးပေါ် အစည်းအဝေး ခေါ်ယူပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို မနေ့က တိုက်တွန်းလိုက်ကြောင်း KUNA ကူဝိတ် သတင်းဌာနက ဖော်ပြပါတယ်။