အကူအညီ ပြန်ပေးရေး ဂျပန်တချို့ ရန်ကုန်သွားပြီး ဆွေးနွေးခဲ့

ဂျပန် အစိုးရက မြန်မာနိုင်ငံကို နိုင်ငံရပ်ခြား စီးပွားရေး အကူအညီ ODA တွေ ပြန်ပေးဖို့ ပြင်ဆင် နေချိန်မှာ ဂျပန် တာဝန်ရှိသူ တချို့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဂျပန်-မြန်မာ ချစ်ကြည်ရေး အသင်းဝင်တွေနဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရေး အပါအဝင်၊ နိုင်ငံရေး အပြောင်းအလဲ ဖြစ်စဉ်မှာ အားလုံးကို ပါဝင်ခွင့် ပေးရေး ၊ စစ်မှန်တဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆွေးနွေးမှုတွေ လုပ်ဖို့ ဂျပန်အစိုးရက တောက်လျှောက် တိုက်တွန်း ခဲ့ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေး အပြောင်းအလဲနဲ့ ဂျပန်နိုင်ငံက ပေးမယ့် အကူအညီတွေနဲ့ ပတ်သက်ပြီး ဂျပန်-မြန်မာ ချစ်ကြည်ရေး အသင်း ဥက္ကဌလည်းဖြစ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးလည်း ဖြစ်တဲ့ ဇေကမ္ဘာ ဦးခင်ရွှေကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

0:00 / 0:00