မကြာခင်ကာလမှာ မြန်မာနိုင်ငံက ဆန်တန်ချိန် ၅၀၀၀ ကို ဂျပန်နိုင်ငံက ဝယ်ယူဖို့ ပြင်ဆင်နေတယ်လို့ ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာက ဒီနေ့မှာရေးသားပါတယ်။
ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံက ဆန်ကိုဝယ်ယူဖို့ နှစ်ပေါင်း ၄၅ နှစ်ကျော်မှာ ပထမဆုံးအကြိမ် သဘောတူလိုက်တာ ဖြစ်ပါတယ်။
အခု ဂျပန်ကဝယ်ယူမယ့် ဆန်အမျိုးအစားကတော့ ဆန်ကျိုး တမတ်သား ၂၅% အမျိုးစားဆန်ဖြစ်ပြီး သိပ်မကြာခင်ကာလမှာ တန်ချိန်ငါးထောင်ကို ဝယ်ယူမှာဖြစ်တယ်လို့ ပြီးခဲ့တဲ့သတင်းပတ်ကတည်းက ပြောဆိုနေကြတာပါ။
ဂျပန်ဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံမှုတွေ အားပြုဆောင်ရွက်လာခဲ့သလို ဆန်ထုတ်လုပ်ရေးမှာလည်း ဆန်ကြိတ်ခွဲသန့်စင်စက်ရုံ ၄ ခုကို ရန်ကုန်တိုင်းဒေသကြီး သံလျင်မြို့နယ်နဲ့ ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်တွေမှာ တည်ဆောက်သွားမှာဖြစ်ပါတယ်။ အဲဒီစက်ရုံတစ်ရုံစီကနေ နှစ်စဉ်ဆန်တန်ချိန် ၄ သိန်း ကြိတ်ခွဲထုတ်လုပ်နိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။
မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်က ဆန်တန်ချိန် ၁ ဒဿမ ၂ သန်း ပြည်ပကို တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။