မြန်မာနိုင်ငံကို ဂျပန်က ဘဏ္ဍာရေး အကူအညီပေးမယ်

မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ ဂျပန် ဒုတိယဝန်ကြီးချုပ် တာရိုအာဇို က ရန်ကုန်သီလဝါ စီးပါွးရေးအထူးဇုန်ကို မနေ့က သွားရောက်ကြည့်ရှု ပြီးနောက် မြန်မာနိုင်ငံကို ဂျပန်က ဘဏ္ဍာရေး အကူအညီပေးမယ့်အကြောင်းထပ်မံ အတည်ပြုပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်မတန်အလားအလာကောင်း တယ်လို့ မိမိယူဆပါတယ်၊ မြန်မာပြည်ရဲ့ ဖွံ့ဖြိုးရေးအတွက် ပါဝင်ကူညီဖို့ ရည်မှန်းပါတယ်။ ဂျပန်နိုင်ငံက ရစရာရှိတဲ့ကြွေးမြီတွေကို လျော်ပစ်ခဲ့တာနဲ့ပတ်သက်လို့လည်း မြန်မာအာဏာပိုင်တွေက ကျေးဇူးစကားတွေ ထပ်တလဲလဲ ပြောကြားခဲ့ပါတယ်။ တကယ်တော့ အဲဒီလိုအကြွေးတွေကို လျော်ပစ်လိုက်တာဟာ မြန်မာနိုင်ငံရဲ့ စီးပွားဖွံ့ဖြိုးရေးအတွက် ပထမအဆင့် တွန်းအားပေးတဲ့အနေနဲ့ ဆောင်ရွက်ရာကျမယ်လို့ မိမိ မျှော်လင့်ပါတယ် လို့ ဂျပန် ဒုတိယ ဝန်ကြီးချုပ် တာရိုအာဇို က ပြောကြားလိုက်ပါတယ်။