မြန်မာနိုင်ငံရဲ့ စာတိုက်ဝန်ဆောင်မှုလုပ်ငန်းကို ဂျပန်နိုင်ငံမှာ ဆောင်ရွက်နေတဲ့ ပုံစံအတိုင်းဖြစ်အောင် ကူညီပေးသွားမယ်လို့ ဂျပန်ဆက်သွယ်ရေးဝန်ကြီးက ကတိပြု ပြောကြားလိုက်ပါတယ်။
ဂျပန်ဆက်သွယ်ရေးဝန်ကြီး ယိုရှီတာကာရှင်ဒိုဟာ သမ္မတဦးသိန်းစိန်နဲ့ မနေ့က နေပြည်တော် မှာ တွေ့ဆုံရာမှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံရဲ့ စာတိုက်လုပ်ငန်း တိုးတက်အောင်လုပ်ဖို့ လိုအပ်နေတဲ့အတွက် ဂျပန် အစိုးရအနေနဲ့ ငွေကြေးနဲ့ နည်းပညာအကူ အညီတွေ ပေးအပ်ဖို့ အကူအညီတောင်းခံခဲ့ တာ ဖြစ်ပါတယ်။
ဂျပန် ဆက်သွယ်ရေးဝန်ကြီးကလည်း မြန်မာနိုင်ငံဟာ ဂျပန်နိုင်ငံရဲ့ စာတိုက်စနစ်ကို ရယူအသုံးပြုတဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာလိမ့်မယ်လို့ ပြောပါတယ်။ ဒါ့ပြင် စာတိုက်ဝန်ဆောင်မှုလုပ်ငန်း ကောင်းမွန်လာရင် နိုင်ငံတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုလာနိုင် မှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ ဂျပန်နိုင်ငံရဲ့ စာတိုက်ဝန်ဆောင်မှုလုပ်ငန်းကို စတင်မိတ်ဆက်အသုံးပြုနိုင်အောင် လက်တွေ့သင်တန်းအကူအညီတွေ ပေးအပ်သွားမှာဖြစ်ကြောင်း ဂျပန်ဆက်သွယ်ရေးဝန်ကြီးက ပြောကြားခဲ့ ပါတယ်။