ဂျပန်နိုင်ငံခြားရေးဌာနကို မြန်မာတွေသွားရောက် ရှင်းလင်း

ဂျပန်နိုင်ငံရောက် မြန်မာတိုင်းရင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသားများ အဖွဲ့ AUN က ဒီကနေ့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနကို သွားရောက်ပြီး ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်လို့ ရှင်းလင်းပြော ဆိုကြောင်း သိရပါတယ်။
2012-07-11
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ

ရခိုင်ပြည်နယ် ပဋိပက္ခဟာ ရခိုင်ပြည်နယ်က ဘင်္ဂါလီ ရိုဟင်ဂျာအရေး အပေါ် အခြေခံလာတာ ဖြစ်တယ်လို့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနကို ရှင်းပြခဲ့ကြောင်း AUN အဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မင်းခိုင်က RFA ကို ပြောပါတယ်။

"ဒီ ရိုဟင်ဂျာ ဆိုတာ အရင်တုန်းကလည်း မရှိခဲ့ဖူးဘူး။ အဲတာကို သူတို့က တိုင်းရင်းသား အနေနဲ့ တောင်းဆိုတယ်။ ဒီဥစ္စာတွေဟာ လုပ်ကြံ ဖန်တီးမှုတွေ ဖြစ်တယ် ဆိုတဲ့ဟာတွေကို ကျွန်တော်တို့ သွားရှင်းပြတာပါ။ သမိုင်း အထောက်အထားနဲ့။ ဒီ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာန အနေနဲ့ကတော့ ဒီအဖြစ်အပျက်တွေကို သူတို့ကလည်း သိသင့်သလောက် သိတယ်ဆိုတဲ့ အကြောင်း၊ သူတို့ ကိုယ်တိုင်လည်း အဲဒီနယ်ကို ရောက်ခဲ့တယ် ဆိုတဲ့အကြောင်း ပေါ့ဗျာ၊ ပြန်ပြီးတော့ တုံ့ပြန်တာ ရှိပါတယ်။ မြန်မာပြည်မှာဗျာ၊ နှစ်ရှည်လများ နေထိုင်လာကြတဲ့ သူတွေကတော့ သက်ဆိုင်ရာ အထောက်အထားတွေနဲ့ ပြနိုင်လို့ ရှိရင်တော့ ဒါက နိုင်ငံသားအဖြစ် ဥပဒေအရ အသိအမှတ် ပြုသင့်တဲ့သူတော့ ပြုပေးဖို့ လိုတယ်။ နေထိုင်ခွင့် ပြုပေးသင့်သူကို နေထိုင်ခွင့် ပြုဖို့လိုတယ်။ နယ်နှင်ဒဏ် ပေးသင့်တဲ့ သူကို နယ်နှင်ဒဏ် ပေးဖို့လိုတယ်။ အဲတာကိုတော့ ကျွန်တော်တို့ ပြတ်ပြတ်သားသား ကိုင်တွယ်ဖို့လိုတယ်"

ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ မေတ္တာရပ်ခံချက်အရ AUN အဖွဲ့က သမိုင်းဆိုင်ရာ အချက်အလက်တွေနဲ့ နောက်ဆုံးရ သတင်းတွေကို ပေးပို့သွားမယ်လို့ ဆိုပါတယ်။

ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနကို သွားရောက်သူတွေထဲမှာ AUN အဖွဲ့ တာဝန်ရှိသူတွေအပြင် KANDA တက္ကသိုလ်က သမိုင်းပါမောက္ခ ဒေါက်တာ အေးချမ်းလည်း ပါဝင်တယ်လို့ သိရပါတယ်။

ကွန်မင့်များ (5)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

tunlunnkhaing

I come after time.Please wait me.

Jul 20, 2012 09:14 AM

ညီညီ

နေရပ်- ဘန်ကောက်

ကောင်းသောအစီစဉ်တရပ်မို့ လို့ ယခုလုပ်ဆောင်ချက်အပေါ်မှာ မြန်မာပြည်သားတယောက်အနေနဲ့ အပြည့်ဝ ကြိုဆိုထောက်ခံပါကြောင်း မှတ်ချက်ပေးလိုက်ပါတယ်

Jul 19, 2012 07:19 AM

thant sin tun

နေရပ်- USA

Bengali are so afraid of Dr Aye Chan. Because he is the one who can prove there is no such Rohinga nationality in Myanmar . Thay are just trying to create a name to trick the world.That is why they afraid of him including Hla Khain. You Bangali just get out of our land!

Jul 14, 2012 05:32 AM

Shwe Maung Lu

နေရပ်- Bandarban

Hla Khain, I'm from Bandarban and I have never heard the name of Sara Aye Chan. Who is this? There is no one whose name is Sara Aye Chan here, let alone his home. From your words I have all the rights to believe you to be an illegitimate son of those kala rohingyas. Come to Bandarban and pl. show the house or you are what I said.

Jul 13, 2012 08:37 PM

Hla Khain

saya aye chan is one of the responsible person for rakhine riot.saya please dont push us fire.you live in abroad but we live in inside.let us peaceful in our land.you have your own home in bandarban in bangla but we have nowhere to go.

Jul 11, 2012 09:17 PM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.