မြန်မာ့အရေးကူညီနိုင်ဖို့ ဂျပန်ခေါင်းဆောင်က ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်း

ဂျပန်နိုင်ငံရဲ့ အာဏာရ ဒီမိုကရက်တစ်ပါတီ DPJ အထွေထွေ အတွင်းရေးမှူး နဲ့ နိုင်ငံခြားရေး ဝန်ကြီးဟောင်း Mr. Katsuya Okada က က ကြာသပတေးနေ့ ညနေပိုင်းမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို ဖုန်းဆက်ပြီး မြန်မာပြည် ဒီမိုကရေစီ ရရှိရေးအတွက် သူတို့ပါတီနဲ့ ဂျပန် အစိုးရက ကူညီနိုင်မယ့် နည်းလမ်းတွေကို မေးမြန်းခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့နိုင်ငံ အရေးအတွက် ပြည်ပ ဒီမိုကရေစီ အင်အားစုတွေရဲ့အကူအညီ အရေးကြီးကြောင်း ပြန်လည်ဖြေကြားခဲ့တယ်လို့ NLD သတင်းပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ် ။ ဒါအပြင် မစ္စတာ Okada က ဒေါ်အောင်ဆန်းစုကြည် ရဲ့ စစ်အစိုးရ အပေါ် လက်ရှိ ဝေဖန် ပြောကြားနေမှုတွေကြောင့် တွေ့ဆုံဆွေးနွေးမှုတွေ ပြန်လည် ဖြစ်ပေါ်ရေးကို ထိခိုင်နိုင်မယ့် အခြေအနေတွေ အပြင် မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား အရေး၊ NLD နဲ့တိုင်းရင်းသားပါတီတွေရဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို မေးမြန်း ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ ဒီအကြောင်း NLD သတင်း ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်ကို RFA က ဦးခင်မောင်စိုး ဆက်သွယ် မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။

0:00 / 0:00