ဧပြီလ ၁ ရက် ကြားဖြတ် ရွေးကောက်ပွဲအပြီး ရက်ပိုင်းအတွင်း သွားရောက်မှာ ဖြစ်ပါတယ်။
မစ္စတာ Jim Webb ဟာ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်က မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး၊ အဲဒီတုန်းက စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ခွင့်ရခဲ့တဲ့ တစ်ဦးတည်းသော အမေရိကန် လွှတ်တော်အမတ် ဖြစ်ပါတယ်။
အရှေ့အာရှ နဲ့ ပတ်သက်တဲ့ အမေရိကန်မူဝါဒ ကြီးကြပ်ရေးဆိုင်ရာ လွှတ်တော်ဆပ်ကော်မတီကို ဦးဆောင်သူဖြစ်တဲ့ မစ္စတာ Jim Webb ဟာ မြန်မာပြည်ကို မရောက်ခင် ဂျပန်နဲ့ ထိုင်းနိုင်ငံတွေကို ဝင်ရောက်မယ်လို့ သိရပါတယ်။