ကြားဖြတ်ရွေးကောက်ပွဲအပြီး ပြောင်းလဲတိုးတက်မှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ အမေရိကန်အစိုးရဖက်က ပိတ်ဆို့တာတွေ လျော့ပေါ့ ဖယ်ရှားဖို့ သူဝါရှင်တန်ကို ပြန်ရောက်သွားတဲ့အခါ အစိုးရအဖွဲ့နဲ့ လွှတ်တော်အဖွဲ့ဝင်တွေနဲ့ ဆွေးနွေးသွားမှာပါလို့ သူက ရန်ကုန်မြို့ အမေရိကန်သံရုံးမှာ ဒီကနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။
မစ္စတာဝဘ်ဟာ သူ့ရဲ့တတိယအကြိမ် မြန်မာနိုင်ငံခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်နဲ့ လွှတ်တော်ဥက္ကဋ္ဌတွေ၊ အစိုးရ၀န်ကြီးတွေ၊ နိုင်ငံရေးပါတီတွေ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ သတင်းစာဆရာတွေကို တွေ့ဆုံခဲ့သလို ကရင်အမျိုးသားအစည်းအရုံး KNU ကိုယ်စားလှယ်အဖွဲ့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။