မြန်မာ့ရွေးကောက်ပွဲ ဂျင်မီကာတာ လာရောက်နိုင်ဖွယ်မရှိ

ဒီနှစ် မြန်မာ့ရွေးကောက်ပွဲကို အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာဟာ ကိုယ်တိုင်လာရောက်လေ့လာဖို့ မူလက စီစဉ်ထားခဲ့ပေမဲ့ ကင်ဆာရောဂါခံစားနေရတဲ့ မစ္စတာ ကာတာဟာ ကျန်းမာရေးအခြေအနေကြောင့် လာရောက်နိုင်ဖွယ်မရှိကြောင်း သိရပါတယ်။

သူ့ကိုယ်စား မြေးဖြစ်သူ Jason Carter က Carter Center အဖွဲ့နဲ့အတူ မြန်မာနိုင်ငံကို လာရောက်ဖွယ်ရှိတယ်လို့ AP သတင်းက ဖေါ်ပြပါတယ်။ Jason Carter ဟာ Carter Center ရဲ့ အမှုဆောင်အရာရှိချုပ်သစ် ဖြစ်ပါတယ်။

ဂျင်မီကာတာရဲ့ ဦးနှောက်မှာ ကင်ဆာအကြိတ်တွေ တွေ့ရှိရတယ်လို့ ဆရာဝန်တွေက ပြောဆိုခဲ့ပြီးတဲ့နောက်၊ သူ့ရဲ့လုပ်ငန်းအစီအစီအစဉ်တွေကို လျှော့ချဖို့ စီစဉ်ခဲ့ကြပါတယ်။

ဒါပေမဲ့ ဂျင်မီကာတာကတော့ သူနေကောင်းကြောင်း၊ ကင်ဆာရှိနေတယ်ဆိုပေမဲ့ အလုပ်တွေ ဆက်လုပ်နေ မှာဖြစ်ကြောင်း ပြောဆိုပါတယ်။

မြန်မာနိုင်ငံရွေးကောက်ပွဲကို EU နဲ့ အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာရဲ့ Carter Center တို့ အပါအဝင် အရပ်ဘက်အဖွဲ့အစည်းတွေက စောင့်ကြည့်လေ့လာကြမှာဖြစ်ပါတယ်။