အပစ်ရပ်စောင့်ကြည့်ရေး ပူးတွဲကော်မတီ အစည်း အဝေးပြုလုပ်

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U ရဲ့ ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ဇူလိုင်လ ၃ ရက်နေ့ကနေ ၅ ရက်နေ့အထိ ရန်ကုန်မြို့၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC မှာပြုလုပ်ခဲ့ပါတယ်။

အဲဒီ အစည်းအဝေးမှာ တိုင်ကြားမှုတွေကို ထိထိရောက်ရောက် ဖြေရှင်းဖို့နဲ့ တပ်တွေနေရာချထားမှုအတွက် သက် ဆိုင်ရာ တိုင်းနဲ့ပြည်နယ်အစိုးရဖွဲ့တွေ ပူးပေါင်းပြီး လုပ်ဖို့စတဲ့ သဘောတူညီချက်တွေ ချမှတ်နိုင်ခဲ့တယ်လို့ JMC-U ရဲ့ အတွင်းရေးမှူး(၁) ဒေါက်တာရွှေခါး ကပြောပါတယ်။

ဒါ့အပြင် JMC-U ရဲ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာနဲ့ပြည်တွင်းက အလှူရှင်တွေလှူတဲ့အခါမှာ ဘယ်လို ချိတ်ဆက်ဆောက်ရွက်မလဲဆိုတဲ့အချက်နဲ့ JMC နဲ့အတူ ပူးပေါင်းဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ဘယ်လို ဆက်လက်ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်မလဲဆိုတဲ့အချက်တွေကို သဘောတူညီမှုတွေချမှတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U ရဲ့ နည်းပညာ ပိုင်းဆိုင်ရာအဖွဲ့ ညွှန်ကြားရေးမှူး ဖြစ်တဲ့ ဒေါက်တာမင်းဇော်ဦးဟာ အကြောင်းအမျိုးမျိုးကြောင့် နှုတ်ထွက်တော့ မှာဖြစ်တာကြောင့် အဲဒီတာဝန်ကို သြဂုတ်လ ၁ ရက်နေ့ကစပြီး ဦးအောင်နိုင်ဦး က တာဝန်ယူသွားမှာဖြစ်တယ်လို့ လည်း သိရပါတယ်။