မူးယစ်ဆေးဝါးနှိမ်နင်းသည့် တိုင်းရင်းသား ပူးပေါင်းတပ်ဖွဲ့နဲ့ အစိုးရတပ် တိုက်ပွဲဖြစ်ပွား

ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် အပါအ၀င် ပူးပေါင်းတပ်ဖွဲ့တွေ ဒေသအတွင်း မူးယစ်ဆေးဝါး ပူးပေါင်းနှိမ်နင်းရေး လုပ်နေတဲ့အချိန်မှာ မြန်မာအစိုးရတပ်တွေက လိုက်လံတိုက်ခိုက်လို့ သိရပါတယ်။
2012-10-02
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ

ရှမ်းပြည်မြောက်ပိုင်း မန်တုံ၊ နမ့်ခမ်းနဲ့ ကွတ်ခိုင်ဒေသမှာ ပလောင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်၊ SSPP/SSA တပ်နဲ့ ကေအိုင်အေ တပ်တွေ ပူးပေါင်းပြီး ဒေသအတွင်း ဆိုးဝါးနေတဲ့ မူးယစ်ဆေးဝါး ပြဿနာ
နှိမ်နင်းနေတာကို အစိုးရတပ်တွေက လိုက်လံတိုက်ခိုက်တာကြောင့် မနေ့က တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ နမ့်ဆန်ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ပလောင်တပ်မှုးး တစ်ဦးကို မေးမြန်းကြည့်တဲ့အခါ -

"တအာင်းတပ်ဖွဲ့၊ SSA နဲ့ KIA မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ စည်းရုံးရေး လုပ်တယ်လေ။ ကျနော်တို့ ပလောင်ရွာ၊ ရှမ်းရွာ ကချင်ရွာ လုပ်တဲ့အချိန်မှာ မြန်မာစစ်တပ်ဘက်က ၅၀၁ နဲ့ ၃၂၄ တို့ ၂ ခုပေါင်းပြီးတော့ တိုက်ပွဲတွေလုပ်တော့ မနက် ၈ နာရီလောက် တိုက်ပွဲတစ်ကြိမ် ဖြစ်တယ်၊ ၁၀ နာရီလောက် တစ်ကြိမ်ဖြစ်တယ်။ ၂ ဘက်ပြောက်ကြားပဲ တိုက်ကြတော့ မနက် ၈ နာရီလောက်ဖြစ်တဲ့ဟာလည်း ၁၅ မိနစ် နာရီဝက်လောက် ပစ်ကြတယ်၊ နေ့လည်လောက်လည်း နာရီဝက်လောက်ပစ်တယ်။ အခုဒီညနေလည်း တနာရီနီးနီးလောက်တိုက်ပွဲဖြစ်တယ်။ အသေအပျောက် အတိအကျတော့ လောလောဆယ် confirm လုပ်လို့မရသေးဘူး။"

ကွတ်ခိုင်မြို့နယ် ပိန်းကိုင်ရွာက ဇရပ်တစ်ခုမှာတော့ အစိုးရတပ်သားတွေ သေဆုံးဒဏ်ရာရသူ တစ်ဒါဇင်လောက် ရှိတယ်လို့ ကွတ်ခိုင် ဒေသခံ တစ်ယောက်က ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်း ပလောင်ဒေသ အတွင်းမှာ ၂၀၀၅ ခုနှစ်လောက် ကတည်းက သက်ဆိုင်ရာ အစိုးရ အာဏာပိုင်တွေက ထိထိရောက်ရောက် မနှိမ်နင်းတာတွေကြောင့် ဒေသအတွင်း မူးယစ်ဆေးဝါး ပြဿနာဟာ အဆိုးဝါးဆုံး အခြေအနေကို ရောက်နေတာကြောင့် အခုလို နှိမ်နင်းနေရတဲ့ အကြောင်း အဆိုပါ ပလောင်တပ်မှူးက ဆက်ပြောပြပါတယ်။

"ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်မတော် PSLA လက်နက်အပ်ပြီး တဲ့နောက် ၂၀၀၅ က အခုအချိန်အထိ ကျနော်တို့ ဒေသအတွင်းမှာ မူးယစ်ဆေးဝါး ကိစ္စကို တိတိကျကျ အရေးယူဆောင်ရွက်ပေးမယ့် အဖွဲ့မရှိဘူး။ မြန်မာရဲတပ်ဖွဲ့၊ တပ်တွေရှိပေမဲ့ သူတို့ကိုယ်တိုင်လည်း ဘိန်းရောင်းတဲ့လူတွေ အခွန်အကောက်တဲ့လူတွေပဲရောက်တော့ မူးယစ်ဆေးဝါးအခြေအနေက အတော်ဆိုးနေတယ်။ ဒီ လေးငါးခြောက် နှစ် အတွင်းထဲကို လူငယ် ၈၀ ရာခိုင်နှုန်းက မူးယစ်ဆေးဝါး သားကောင်တွေ ဖြစ်နေတယ်။ အဓိကတော့ ဒေသတည်ငြိမ်မှု မရှိဘူး။ လုံခြုံမှုမရှိဘူး။ ကာကွယ်ရေးနဲ့ လက်နက်ကိုင်တပ် မရှိတော့ အခြေအနေက တော်တော်ဆိုးနေတယ်။ ကျနော်တို့ ၂၀၁၁၊ ၂၀၁၂ တပ်ပြန်ဖွဲ့ပြီးတော့မှ SSA တို့ KIA တို့ နဲ့ မဟာမိတ်ပြုပြီးတော့ မူးယစ်ဆေးဝါးကို အဓိက လုပ်ငန်းတစ်ခုအနေနဲ့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။"

သူတို့တပ်ပေါင်းစုအနေနဲ့ ရွာသားတွေ၊ ရွာသူကြီးတွေကို ခေါ်ပြီးတော့ မူးယစ်ဆေးဝါး မသုံးစွဲဖို့၊ ဘိန်းမစိုက်ဖို့၊ ရောင်းဝယ်တာ မလုပ်ဖို့နဲ့ ရောင်းဝယ်ရင် ဖမ်းဆီး အရေးယူမယ်ဆိုပြီး ပြောဆိုစည်းရုံးနေတယ်လို့ သိရပါတယ်။

ကွန်မင့်များ (5)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

โจ

နေရပ်- bangkok

အကောင်းဘက်ကတွေးပြီးတော့လည်းပြောကြပါလားသူငယ်ခှင်းတို့ရာ

Oct 05, 2012 09:14 AM

(

ရှမ်းပြည်မြောက်ပိုင်းမှာဘိန်းစိုက်နေတဲ့ကောင်တွေကမူးယစ်ဆေးဝါးဖျက်ဆီးတယ်ဆိုတာဟုတ်ပါ့မလားမောင်ကာလုရာဘိန်းစိုက်ရာသီဆိုတော့ဘိန်းစိုက်ဘို့အကျိုးတူပူးပေါင်းမြေနေရာလိုက်ကြည့်ရင်းစစ်တတ်နဲ့တွေ့လို့တိုက်ပွဲဖြစ်တာပဲနေမှာပါ။မူးယစ်ဆေးဝါးတွေဖျက်ရင်သူတို့ထမင်းငတ်ကုန်မှာပေါ့၊ဘယ်သူကကိုယ့်ထမင်းအိုးကိုရိုက်ခွဲမှာလဲ

Oct 04, 2012 04:07 PM

ရှမ်းပြည်သူ

KIA ကရှမ်းတွေကိုဘယ်တုန်းကဘာကူညီဖူးလို့ ရှမ်းမြောက်က၀င်တိုက်ပေးနေတာလဲ သမိုင်းတစ်လျှောက်ရှမ်းတွေကိုနှိပ်စက်ခဲ့တာကိုမသိလို့လား KIA ရဲ့လက်အောက်ခံလုပ်နေတာလား ဗမာစစ်တပ်ကိုမတိုက်နဲ့လို့ပြောတာမဟုတ်ဘူး ကျေးဇူးမသိတတ်တဲ့အပေါင်းအသင်းကိုပေါင်းမိရင်ဒုက္ခရောက်မယ်လို့ပြောတာပါ..

Oct 03, 2012 09:41 PM

အမည်မဖော်လိုသူ

ဒီအလုပ်မျိုး အများကြီးလုပ်ဘို့လိုပါတယ်။ တိုင်းရင်းသားများဘိန်းကြောင့်သေကုန်အောင်စစ်အစိုးရကတမင်လုပ်နေတာပါ။

Oct 03, 2012 08:42 AM

ဗိုလ်လူရှုပ်

နေရပ်- မြန်မာပြည်

ဟုတ်မှ လဲ လိမ်ပါ ကွာ ။ ပလောင်၊ SSA, KIA တို့က မူးယစ်ဆေး တိုက်ဖျက် ရေးလုပ်တယ် ဆိုတာ ဘယ်တုန်းက ကြားဖူးသလဲ ။ ရှမ်းနဲ့ ပလောင် တွေ ကေအိုင်အေကို ယုံလို့ ကတော့ မင်းတို့ ဘ၀ ပျက် မယ် ။

Oct 03, 2012 03:25 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.