သတင်းထောက်အကျဉ်းသား မြန်မာနိုင်ငံမှာ စတုတ္ထ အများဆုံး

2011-12-07

၁၉၉၀ ပြည့်နှစ်တွေက စပြီး မြန်မာ အပါအ၀င် ကမ္ဘာတစ်လွှား အကျဉ်းချထားခံရတဲ့ သတင်းထောက်တွေနဲ့ စာနယ်ဇင်းသမား အရေအတွက်ဟာ ၂၀ ရာခိုင်နှုန်း ကျော်လာပြီး အများဆုံး အခြေအနေကို ရောက်နေတယ်လို့ သိရပါတယ်။

snapshot/www.cpj.org

သတင်းစာဆရာများ ကာကွယ် စောင့်ရှောက်ရေး ကော်မတီ CPJ အင်တာနက် စာမျက်နှာ။

ဒီအကြောင်းကို အမေရိကန် ပြည်ထောင်စု နယူးယောက် အခြေစိုက် သတင်းစာဆရာများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ CPJ က မနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စာနယ်ဇင်း လွတ်လပ်ခွင့် စောင့်ကြည့်ရေး အဖွဲ့ CPJ ရဲ့ လေ့လာချက်အရ ဒီဇင်ဘာ ၁ ရက်အထိ အီရန်၊ အီရီထရီးယား၊ တရုတ်၊ မြန်မာ၊ ဗီယက်နမ်၊ တူရကီနဲ့ ဆီးရီးယားနိုင်ငံတွေဟာ သတင်းထောက်တွေကို ဖမ်းဆီးထောင်ချမှု အများဆုံးနိုင်ငံတွေလို့ ဆိုပါတယ်။ ကမ္ဘာတစ်လွှား အကျဉ်းချခံထားရတဲ့ သတင်းထောက် အရေအတွက် ၁၇၉ ဦးရှိတဲ့ အတွက် ၁၉၉၆ ကစတွက်ရင် အခုအချိန်မှာ အများဆုံးလို့ ဆိုပါတယ်။

နိုင်ငံအလိုက် ဖော်ပြရာမှာတော့ အီရန်နိုင်ငံက ၄၃ ဦးနဲ့ အများဆုံး ဖြစ်ပြီး မြန်မာနိုင်ငံ ကတော့ သတင်းထောက် ၁၂ ဦးကို ဖမ်းဆီး အကျဉ်းချထားတာကြောင့် စတုတ္ထ အများဆုံး နိုင်ငံ ဖြစ်နေပါတယ်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်