0:00 / 0:00
ရွေးကောက်ပွဲအကြောင်း ပြည်တွင်းစာနယ်ဇင်းတွေ သတင်းယူ ရေးသားနေကြတာဟာ ဇာတ်ပွဲတခုမှာ ယိမ်းက နေသလို ဖြစ်နေပြီး အနှစ်သာရဖြစ်တဲ့ ပြဇာတ်၊ နောက်ပိုင်းဇာတ်ထုပ်၊ နှစ်ပါးသွားစတဲ့ ဇာတ်အင်္ဂါ ပေါ်လွင်မှု မရှိကြောင်း ရန်ကုန်အခြေစိုက် ဝါရင့် သတင်းစာဆရာကြီး လူထု ဦးစိန်ဝင်းက ပြောပါတယ်။
ရွေးကောက်ပွဲ ဆန့်ကျင်မှုနဲ့ ထောက်ခံမှု၊ သတင်းမီဒီယာတွေရဲ့ အနေအထားနဲ့ သဘော သဘာဝတွေအကြောင်း လူထုဦးစိန်ဝင်းရဲ့ အမြင်တွေကို ဗန်ကောက်မြို့ရောက် RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။