ဂျပန်ချေးငွေ အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၁၅ သန်းကို ရန်ကုန်မြို့နားမှာ တည်ဆောက်မယ့် သီလ၀ါ စက်မှုဇုန်တည်ဆောက်ရေး၊ ရန်ကုန်မြို့နားက လောင်စာစက်ရုံ ပြန်လည်ပြင်ဆင်ဖို့နဲ့ ဒေသ ၁၄ ခုမှာ အကောင်အထည်ဖေါ်နေတဲ့ ဆင်းရဲမွဲတေမှု လျော့ချရေး ၊ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းတွေမှာ အသုံးပြုသွားဖို့ ရည်ရွယ်တာလို့ဆိုပါတယ်။
အမေရိကန်အစိုးရက မြန်မာနိုင်ငံက ပို့ကုန်တွေအပေါ် ပိတ်ပင်တားဆီးထားတာ ပယ်ဖျက်လိုက်ပြီလို့ ကြေညာလိုက်ပြီး ရက်ပိုင်းအတွင်းမှာပဲ ဂျပန်အစိုးရရဲ့ အစီအစဉ် အခုလို သတင်းတွေ ထွက်ပေါ်လာတာပါ။
ဒီကိစ္စနဲ့ ပတ်သက်တဲ့ ကြေငြာချက်ကို ဂျပန်ဝန်ကြီးချုပ် နိုဒါးက သမ္မတ ဦးသိန်းစိန်နဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ နိုဝင်ဘာလ ၁၉ ရက်နေ့မှာ တွေ့ဆုံတဲ့အခါ တရားဝင် ကြေညာမယ်လို့ ဂျပန်နိုင်ငံထုတ် နစ်ကီ စီးပွားရေး သတင်းဌာနက ရေးသားကြောင်း သိရပါတယ်။