ရခိုင်ပါတီ ကိုယ်စားလှယ် ၈ ဦး ကြံ့ခိုင်ဖွံ့ဖြိုးရေးက တရားစွဲ

ပြီးခဲ့တဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ကိုယ်စား လှယ် ၈ ဦးကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တွေက ထပ်မံ တရားစွဲဆိုလိုက်တယ် လို့ သိရပါတယ်။

2011.01.09
usdp_logo_election_305_z.png ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ရုံးခွဲတခုရှေ့တွင် ပါတီအမှတ်တံဆိပ် ချိတ်ဆွဲထားပုံ ဖြစ်ပါသည်။
Photo: RFA

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ဝ ရက်နေ့က ရသေ့တောင်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှမောင်သိန်းကို ပြည်တောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းက တရားစွဲဆိုခဲ့ပြီးနောက် တပတ်အကျော်မှာ အခုလို နောက်ထပ် တရားစွဲဆို ခံရတာ ဖြစ်တယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင် က အာအက်ဖ်အေကို ပြောပါတယ်။

“ဒီနေ့အထိဆိုရင် စုစုပေါင်း ၉ ဦးဗျ။ ရသေ့တောင်မြို့နယ်က ဦးလှမောင်သိန်း ကို သူတို့က စွဲဆိုချက်တင်တယ်။ နောက် ပေါက်တောမြို့နယ်က ၃ ဦး ပါတယ်။ ဦးကျော်ထွန်းအောင် ဆိုတာ အမျိုးသားလွှတ်တော်၊ ဦးအောင်ကျော်ဇံ ဆိုတာ ပြည်သူ့လွှတ်တော်၊ ဦးမောင်ကျော်သိန်း ဆိုတာ ပြည်နယ်လွှတ်တော်၊ နောက် မြေပုံမြို့နယ်က ၃ ဦး ပါတယ်။ ဦးမောင်ဖေသန်း ပြည်သူ့လွှတ်တော်၊ ဦးအောင်ဝင်း ပြည်နယ်လွှတ်တော် (၁)၊ ဦးမောင်လုံး ဆိုတာ ပြည်နယ်လွှတ်တော် (၂) ပါ။ နောက် ကျောက်ဖြူမြို့နယ်က ဦးအုန်းတင် ဆိုတာ ကျောက်ဖြူနဲ့ မာန်အောင်ကို ပေါင်းထားတဲ့ အမျိုးသားလွှတ်တော်က တဦးပါတယ်။ နောက် ပြည်နယ်လွှတ်တော် အမှတ် (၂) က ဦးကျော်လွင် ဆိုတာ တဦးပါတယ်။ စုစုပေါင်း အခုထိတော့ ၉ ဦးပေါ့”

ပါတီ ကိုယ်စားလှယ်တွေကို တရားစွဲဆိုထားတဲ့ အချက်အလက် အသေးစိတ် မသိရှိရသေးပေမယ့် အားလုံးကို ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကိုယ်စားလှယ်တွေကပဲ တရားစွဲဆိုထားတာ ဖြစ်ပြီး ပြန်လည် ချေပနိုင်ဖို့အတွက် ဥပဒေ အကြံပေးအဖွဲ့နဲ့ ဒီကနေ့ ရန်ကုန်မြို့ ပါတီရုံးမှာ အစည်းအဝေး ပြုလုပ်နေတယ်လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။

“ဘယ်လို ရည်ရွယ်ချက်နဲ့ စွဲချက်တင်ကြသလဲ ဆိုတာကို ကျနော်တို့ လေ့လာနေပါတယ်။ တဦးချင်းကို စွပ်စွဲတာကလည်းပဲ ဒုတိယ မဲရုံတို့ မဲရုံမှူးတို့ကို စွဲဆိုချက်တွေက များတာကိုး။ ဒုတိယအသုတ် အကုန်လုံးက ၂၄ ရက် ဇန်နဝါရီ ၁ဝ နာရီကို ချိန်းဆိုပါတယ်။ အဲ့ဒီမတိုင်ခင် ၂ဝ ရက်နေ့မှာ နေပြည်တော်ကို ရောက်ပြီး ကိုယ်တိုင် ချေပလွှာ ပေးရမှာဆိုတော့ ဒါနဲ့ပတ်သက်လို့ ကျနော်တို့မှာ ဥပဒေ အဖွဲ့လည်း ရှိပါတယ်။ သူတို့နဲ့ တိုင်ပင် ညှိနှိုင်းနေကြပါတယ်။ လာမယ့် ရက်ပေါင်း ၆ဝ ပြည့်တဲ့နေ့အထိ ကျနော်တို့ စောင့်ကြည့်မှာပါ။ ၃၅ ဦး နိုင်ထားတာ ၃၅ ဦးကိုများ သူတို့က စွဲချက်တင်မလား ပေါ့လေ”

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဟာ စစ်အစိုးရက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်တွေမှာ ကိုယ်စားလှယ်လောင်း ၄၄ ဦး ဝင်ရောက်ယှဉ်ပြိုင် အရွေးခံခဲ့ပြီး စုစုပေါင်း အမတ်နေရာ ၃၅ နေရာ အနိုင်ရထားပါတယ်။

ရွေးကောက်ပွဲအပြီးမှာ နိုင်ငံရေးပါတီတချို့က မဲမသမာမှုတွေ ရှိတယ်ဆိုပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို တရားစွဲဆိုမှုတွေ ပေါ်ပေါက်လာပြီး နောက်ပိုင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဘက်က တရားစွဲဆိုမှုတွေ အခုလို ဆက်တိုက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲကို အာဏာပိုင်တွေ ကိုယ်တိုင် ကြီးကြပ် စီစဉ်ခဲ့ပြီး ထွက်လာတဲ့ ရလဒ်အရ အနိုင်ရထားတဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ကိုယ်စားလှယ်တွေကို အခုလို တရားစွဲဆိုတာဟာ ပြောင်းလဲမှုကို လက်မခံလိုတဲ့ သူတွေ ရှိနေတာကို ပြသနေတာ ဖြစ်ပါတယ်လို့ ဒေါက်တာအေးမောင် က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-01-09 14:59

PLEASE FIGHT FOR RAKHINE INDENPENDENCE. KILL THE MAHAR BURMAR NAY CHAT