လွန်ခဲ့တဲ့ သောကြာနေ့မှာ အများအားဖြင့် စာတွေကို လက်ခံရရှိခဲ့တယ်လို့ ဝါရှင်တန် မြို့တော် အနီး တဝိုက်မှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေက ပြောပါတယ်။ ဆန္ဒမဲပေးဖို့ အကြောင်းကြားစာ လက်ခံရရှိသူ မြန်မာနိုင်ငံသားတဦးကတော့ RFA ကို အခုလိုပြောပြခဲ့ ပါတယ်။
“အကြောင်းကြားတာကတော့ဗျာ၊ အဲဒီ နံမယ်နဲ့ပေါ့။ နောက် စာမှာ အမှတ်လေးပါတယ်ဗျ။ စာအမှတ် နံပါတ်လေ။ ထင်တာတော့ အဲဒီ နံပါတ်အတိုင်း သွားလိမ့်မယ်လို့။ ကျွန်တော်ကတော့ သွားမထည့်နိုင်ဘူး။ သူတို့က ဆန်းဒေးကို မနက် ၆ နာရီက ညနေ ၄ နာရီအထိပေါ့။ အချိန်ကို ဖိတ်စာနဲ့တကွ ကြွပါတဲ့။ မှတ်ပုံတင်ရှိရင် မှတ်ပုံတင် ယူခဲ့ပေါ့ဗျာ။ ဒါမှမဟုတ် နိုင်ငံကူးလက်မှတ်နဲ့ လာပါလို့ ဒါပဲ ပြောထားပါတယ်။”
ဝါရှင်တန် မြို့တော် ဝန်းကျင်မှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတဦး ပြောသွားတာပါ။ အချိန်ကပ်ပြီး အကြောင်းကြားတာရယ်၊ မဲပေးရက်က တနင်္ဂနွေတရက်တည်း သတ်မှတ် ဖိတ်ကြားထားတာရယ်ကြောင့် ခရိးလွန်နေတဲ့ သူ့အနေနဲ့ ဒီတနင်္ဂနွေနေ့မှာတော့ မဲမပေးနိုင်ခဲ့ဘူးလို့ အခုန မြန်မာနိုင်ငံသားက ပြောပါတယ်။
တနင်္ဂနွေနေ့ တရက်တည်းမှာတင် ဝါရှင်တန်ဒီစီ မြို့တော် မြန်မာသံရုံးမှာ ဆန္ဒ မဲလာပေးသူ ၄၉ ဦး ရှိပြီး နယူးယောက်မြို့မှာတော့ ၄ ဦး ရှိခဲ့တယ်လို့ သံရုံးသတင်းရပ်ကွက်က ဆိုပါတယ်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီတောင်းဆိုမှု နောက်ပိုင်း ဒုတိယအကြိမ် ပြုလုပ်တဲ့ ဒီရွေးကောက်ပွဲကို လာမဲ့ နိုဝင်ဘာလ ၇ ရက်နေ့မှာ စစ်အစိုးရက ကျင်းပမှာ ဖြစ်ပြီး ပြည်ပရောက်နေသူတွေကို ကြိုတင်မဲ ပေးခိုင်းနေတာ ဖြစ်ပါတယ်၊
ပထမတကြိမ် ရွေးကောက်ပွဲကို ၁၉၉၀ ခုနှစ်က ပြုလုပ်ခဲ့ပေမဲ့ စစ်အစိုးရက အာဏာ လွဲှပြောင်းပေးခဲ့ခြင်း မရှိပါဘူး။