ကချင် ဟူးကောင်းချိုင့်ဝှမ်းမှာ စစ်အစိုးရတပ်က ပြည်သူ့စစ်သင်တန်း ပေးနေ

2010-10-03

ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်း ဒေသမှာ လုပ်ငန်းလုပ်ကိုင်နေတဲ့ ယုဇန ကုမ္ပဏီပိုင်မြေထဲမှာ ပြည်သူ့စစ် ဖွဲ့စည်းပြီး အောက်တိုဘာလ ၂ ရက်နေ့ က လက်နက်အပ်ပွဲ ကျင်းပသွားတယ်လို့ သိရပါတယ်။

(RFA Map)

မြန်မာနိုင်ငံ မြောက်ဖျား၊ ကချင်ပြည်နယ်နှင့် အိန္ဒိယ နယ်စပ်ရှိ ဟူးကောင်းတောင်ကြား ဒေသ တည်နေရာပြ မြေပုံ ဖြစ်ပါသည်။ (RFA Map)

အဲဒီဒေသမှာ အာဏာပိုင်တွေက အခုလို ပြည်သူ့စစ် ဖွဲ့လိုက်တာကြောင့် ခြိမ်းခြောက်ရမ်းကားမှာ ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

ဟူးကောင်းချိုင့်ဝှမ်းဒေသက လယ်မြေ အမြောက်အမြား သိမ်းပြီး စိုက်ပျိုးရေး လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ယုဇန ကုမ္ပဏီပိုင် ခြံမြေထဲမှာ နယ်မြေခံစစ်တပ်က အောက်တိုဘာလ ၂ ရက်နေ့က ပြည်သူ့စစ် သင်တန်းဆင်းပွဲနဲ့ လက်နက်အပ်နှင်းပွဲ တခု လုပ်သွားခဲ့တယ်လို့ ဒေသခံတယောက်က အာအက်ဖ်အေကို ပြောပြပါတယ်။

ယုဇနကုမ္ပဏီပိုင် ဝင်းထဲမှာ ရှထူးစွပ် ကျေးရွာအခြေစိုက် ခလရ ၂၉၇ တပ်ရင်းကနေ လွန်ခဲ့တဲ့ လေးလလောက်ကတည်းက တသုတ်ပြီးတသုတ် ပြည်သူ့စစ်သင်တန်း ပေးနေတာဖြစ်ပြီး အခုဆိုရင် ပြည်သူ့စစ်အင်အား ၇ ရာလောက် ရှိသွားပြီလို့ သိရပါတယ်။

ဒီအကြောင်း အာအက်ဖ်အေ သတင်းထောက် ကိုရဲထက် ပေးပို့ထားတာကို အပြည့်အစုံ နားဆင်နိုင်ပါတယ်။

သတင်းပေးပို့ချက်။
အသံဖိုင်ယူရန်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

နားထောင်ရန်
အသံဖိုင်ယူရန
အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်