စစ်အစိုးရက စစ်တိုင်းတွေ ထပ်မံတိုးချဲ့

မြန်မာစစ်အစိုးရက တိုင်းရင်းသား လက်နက်ကိုင်နယ်မြေတွေမှာ စစ်တိုင်းတွေ မကြာခင် တိုးချဲ့တော့မယ်လို့ သိရပါတယ်။ တိုးချဲ့မယ့် စစ်တိုင်း ၂ တိုင်းကတော့ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်မှာ ဖြစ်တယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

0:00 / 0:00

ဒါဟာပြည်တွင်းစစ်ကိုပဲ ဦးတည်နေတာဖြစ်ပြီး တိုင်းပြည်ပြဿနာ ပြေလည်မဲ့နည်းလမ်းမဟုတ်ဖူးလို့ လေ့လာသူတွေက ပြောပါတယ်။

ဒါနဲ့ ပတ်သက်လို့ တရုတ်-မြန်မာ နယ်စပ် စစ်ရေး၊ နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောက

"ရှမ်းပြည်ရဲ့ အလယ်ပိုင်း ကျပြီးတော့ ရှမ်းလက်နက်ကိုင် အဖွဲ့အစည်းတွေ အားလုံးရဲ့ ဆုံချက်နေရာလို ဖြစ်နေတော့ အဲဒီနေရာမှာ တိုင်းတတိုင်း ဖွဲ့မယ်လို့ကြားတယ်။ အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ပေါ့။ အရှေ့မြောက်တိုင်း ရှိတယ်၊ အရှေ့ပိုင်းတိုင်း ရှိတယ်၊ တြိဂံတိုင်း ရှိတယ်၊ အရှေ့တောင်တိုင်းလည်း ရှိတော့ အရှေ့အလယ်ပိုင်းလို့ ခေါ်တာပေါ့။ ခိုလန်မှာ တိုင်းဌာနချုပ်ဖွဲ့မယ်။ ဒါတခုပေ့ါ။ နောက်တခုက တနိုင်းက ဖြစ်တယ်။ အစတုံးကတော့ ဒေသကွပ်ကဲရေး ဌာနချုပ်ပေါ့။ အခု အဲဒါကို တိုင်းအဖြစ်ပြောင်းပြီး လုပ်မယ့် သဘောပေါ့"

အခုလို စစ်တိုင်းတွေ တိုးချဲ့ရတဲ့ ရည်ရွယ်ချက်ကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ထိန်းချုပ်ဖို့နဲ့ တိုက်ခိုက်ဖို့ ဖြစ်နိုင်သလို တခြား အကြောင်းရင်းတွေလည်း ရှိနိုင်တယ်လို့ ဦးအောင်ကျော်ဇောက ဆက်ပြောပါတယ်။

အသေးစိတ်ကို အာရ်အက်ဖ်အေ သတင်းထောက် ကိုရဲထက် သတင်းပေးပို့ထားတာကို နားဆင်နိုင်ပါတယ်။

အသံဖိုင်ယူရန်။