ကချင်အနုပညာရှင်အသင်း အစည်းအဝေးကို တက်ရောက်လာကြတဲ့ အနုပညာရှင်တစ်ချို့ဟာ မနက်ဖြန် အောက်တိုဘာလ ၂၄ ရက်နေ့မှာ ကချင် စစ်ဘေး ဒုက္ခသည်စခန်း တစ်ချို့ကို သွားရောက်ပြီးတော့အဝတ်အထည်တွေ လှူဒါန်မယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ် ငြိမ်းချမ်းရေး ရရှိရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေက အောင်မြင်အောင် ဆောင်ရွက်ကြမယ်လို့ မျှော်လင့်ကြောင်း နဲ့ အနုပညာရှင်တွေ အနေနဲ့ကတော့ တတ်နိုင်တဲ့ဖက်က ဒုက္ခရောက်နေသူ ပြည်သူတွေကို တနိုင်တပိုင် ကူညီသွားမယ်လို့ အဆိုတော် L လွန်းဝါက အာအက်ဖ်အေကို ပြောပါတယ်။
အခုဖွဲ့စည်းတဲ့ ကချင်အနုပညာရှင်များအသင်းဟာ ကချင်မျိုးနွယ်စုတွေအားလုံးကို ကိုယ်စားပြု ဖွဲ့စည်းတာဖြစ်ပြီးမြန်မာနိုင်ငံမှာရှိတဲ့ ကချင်တိုင်းရင်းသား အနုပညာရှင်တွေ အဆိုတော်တွေတင်သာမကပဲ နိုင်ငံရပ်ခြားမှာ နေထိုင်သူတွေပါ ပါဝင်စည်းရုံးကြမယ်လို့ တက်ရောက်လာကြတဲ့ ကချင်တိုင်းရင်းသား အဆိုတော်တွေက ပြောပါတယ်။