မြစ်ဆုံဒေသခံများ စားဝတ်နေရေး ဒုက္ခတွေ့ကြုံ

ဦးသိန်းစိန်အစိုးရဟာ ပြည်သူတွေရဲ့တောင်းဆိုမှုကြောင့် ကချင်ပြည်နယ်က ဧရာဝတီမြစ်ဆုံရေကာတာ စီမံကိန်းကို ၅ နှစ်တာ ရပ်ဆိုင်းထားလိုက်ပေမယ့် စီမံကိန်းကြောင့် နေရာပြောင်းရွှေ့ခံထားရတဲ့ မြစ်ဆုံဒေသခံ ရွာသားတွေ အနေနဲ့ အသက်မွေးဝမ်းကြောင်းအလုပ်အကိုင်တွေ ထိခိုက်ပျက်ပြားပြီး ၊ ဘာလုပ်ငန်းကိုင်ငန်းကိုမှလဲ မလုပ်ကြရတဲ့အတွက် စားဝတ်နေရေးဒုက္ခတွေ ကြုံနေရပါတယ်။

2011.12.28
myitsone-dam-site-305 မြစ်ဆုံရေကာတာ တည်ဆောက်မည့် စီမံကိန်းနယ်မြေ တစိတ်တပိုင်း ဖြစ်ပါသည်။
KDNG

လျော်ကြေးငွေလည်း ပြည့်ပြည့်ဝဝ မရကြသေးဘူးလို့လည်း ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် လက်ရှိရောက်နေကြတဲ့နေရာသစ်မှာ သန့်ရှင်းရေး အားလျော့နေတဲ့အတွက် ကျန်းမာရေး ထိခိုက်မှုတွေ တိုးပွါးလာမှာကို စိုးရိမ်နေကြတယ်လို့လည်း သိရပါတယ်။

အခုအခါမှာ မြစ်ဆုံရေကာတာ စီမံကိန်း ရပ်ဆိုင်းထားတယ်ဆိုပေမယ့် စီမံကိန်း တာဝန်ယူထားတဲ့ CPI တရုတ်ကုမ္ပဏီက စက်ယန္တရားတွေနဲ့ တရုတ်အင်ဂျင်နီယာ (၁၀၀) နီးပါးလောက် ပြန်မသွားကြဘဲ ရှိနေဆဲ ဖြစ်တယ်လို့ လည်း ပြောကြပါတယ်။ မြစ်ဆုံစီမံကိန်းဒေသ နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ ဒေသခံ ရွာလူကြီးတစ်ဦးကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်တင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်နားဆင်ရန်
အသံဖိုင်ရယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။