ကချင်စစ်ရေး ကြားဝင်ဆောင်ရွက်ဖို့ အစိုးရ ခွင့်ပြုချက်လိုကြောင်း ဒေါ်စုပြော

ကချင်ပြည်နယ်တွင်း အစိုးရတပ်တွေနဲ့ KIA တပ်ဖွဲ့တွေကြား အရှိန်မြင့်လာနေတဲ့ စစ်ရေးပဋိပက္ခတွေ အဆုံးသတ်ရေး အတွက် ဝင်ရောက်ဆောင်ရွက်ဖို့ဆိုရင် အစိုးရရဲ့ ခွင့်ပြုချက် လိုအပ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုကြောင်း AFP သတင်းက ဖေါ်ပြပါတယ်။
2013-01-07
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
dassk-kyaukpadaung-305
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကျောက်ပန်းတောင်မြို့ခံ ပြည်သူလူထုအား မိန့်ခွန်းပြောကြားနေစဉ်
Photo: RFA/Nay Myo Htun

ကချင်ပြည်နယ်ပြဿနာကို ဝင်ရောက်ဆောင်ရွက်မှာပါလားလို့ AFP က မေးမြန်းရာမှာ ဒီကိစ္စဟာ အစိုးရအပေါ် တည်ပါတယ်၊ အခုလောလောဆယ်မှာ ဒီကိစ္စကို အစိုးရက ကိုင်တွယ်နေတာပါ၊ ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆောင်ရွက်ရာမှာ ပါဝင်ဖို့အတွက် အစိုးရဆီက တရားဝင်ကမ်းလှမ်းလာဖို့ လိုအပ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က ကချင်ငြိမ်းချမ်းရေး ဆွေးနွေးရေးအကျိုးဆောင်အဖွဲ့ဝင် ဦးယွပ်ဇော်ခေါင် က ကချင်ပြဿနာမှာ ပြည်တွင်းပြည်ပမှာသြဇာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးက ကြားဝင်ဆောင်ရွက်သင့်ကြောင်း၊ ဆောင်ရွက်ဖို့တာဝန်လည်းရှိကြောင်း တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ကွန်မင့်များ (14)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

ကျန်စစ်သား

နေရပ်- indiana

မင်းကိုနိုင်နှင့်၈၈ကျောင်းသားမျိုးဆက်သစ်ခေါင်းဆောင်တွေ အနိဋ္ဌါရုံမြင်ကွင်းတွေအဆုံးသတ်ဖို့ ကြားဝင်ဆောင်ရွက်တာ သူတို့ရဲ့ကိုယ်ပိုင်အသိတရားနဲ့ဆောင်ရွက်ခဲ့တာပါ။စစ်အစိုးရရဲ့လိမ်ဆင်ဒီမိုကရေစီရဲ့အသုံးချခံဘ၀ကိုမရောက်စေချင်ဘူး။သတိဆိုဒါအပိုမရှိပါဘူး။

Jan 08, 2013 01:58 PM

အမည်မဖော်လိုသူ

Bay Da

Jan 08, 2013 07:40 AM

အမည်မဖော်လိုသူ

အမေစု ကြားဝင်ဆောင်ရွက်မှာကိုမျှော်လင့်နေရင်းဆုံးရှုံးသွားတဲ့အသက်တွေမနည်းတော့ပါဘူး။မြန်မြန်ဆောင်ရွက်နိုင်ပါစေ။

Jan 08, 2013 12:54 AM

ကိုစော

နေရပ်- ယူအစ်က်အေ

လူနှစ်ယောက်သွေးထွက်သံယိုရန်ဖြစ် နေတယ်ဆိုပါစို့ သင်သာလူထုခေါင်းဆောင်တစ်ယောက်ဆိုလျှင် အောက်ပါအဖြေသုံးခုထဲက နှစ်သက်ရာ တစ်ခုဖြေပေးစေချင်လို၏ (၁) ဖြန်ပေးဖို့ သူတို့ကိုခွင့်တောင်းပြီးမှ ၀င်တားမည် (၂)နှစ်ဖက်စလုံး သေမှာကိုသိရက်နဲ့ ၀င်းမရှုပ်သေးဘဲနဲ့ခွင့်ပြုချက်တောင်းဆိုချက်ကိုစောင့်မည် (၃)နှစ်ဦးနှစ်ဘက်မဆုံးရှုန်းစေရန်ကိုယ်ကဘဲ အနာခံအကွဲခံအမုန်းခံပြီး ၀င်တားပေးမည်၊

Jan 07, 2013 11:04 PM

Agmg

Staphenie Hill and One who doesn't want to show his name, Please think ABOUT AUTHORITY. One brother command his young sister every points. Sister respond neglecting and one time said back" whatever condemn and complaint looklike a woman". Talk anything concern or not concern like knowing everything successfully or not made this person decrease ti be respect him. Don't criticise like a kid without knowing adult works.Please, Even no heaving like her awards.

Jan 07, 2013 08:29 PM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.