လုံးခင်းနဲ့ ဖားကန့်မြို့နယ်တို့မှာ မိုးကြီးလို့ ရွာတွေ ရေလွှမ်း


2015.07.05
flooding-kachin-620 ကချင်ပြည်နယ် ဖားကန့်မှာ မိုးသည်းထန်စွာ ရွာသွန်းနေတာကြောင့် ကျေးရွာတစ်ရွာမှာ ရေကြီးနေတာကို ဇူလိုင်လ ၄ ရက်နေ့က တွေ့ရစဉ်
Photo: RFA

ကချင်ပြည်နယ် ဖားကန့်မှာ အခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းနေတာကြောင့် ဥရုချောင်းရေကြီးလာတဲ့ အတွက် လုံးခင်းကျေးရွာနဲ့ ဖားကန့်မြို့ပေါ် ရပ်ကွက် ၄ ခုမှာ ရေနစ်မြုပ်နေပါတယ်။

ဖားကန့်မြို့ပေါ် လူနေရပ်ကွက်တွေထဲ ရေနစ်မြုပ်လာတဲ့အတွက် တချို့ရပ်ကွက်တွေမှာ ရေဘေးလွတ်ရာ အမြင့်ပိုင်းတွေကို ပြောင်းရွှေ့နေရကြောင်း ဖားကန့်မြို့နယ် NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဦးတင့်စိုးက ပြောပါတယ်။

"ညကတစ်ညလုံး ရွာထားတဲ့အနေအထားမျိုးကြောင့် လုံးခင်းမှာလည်းရေက စပြီးတော့ကြီးနေပြီ၊ ဖားကန့်မြို့ ထဲမှာဖြတ်ထားတဲ့ကြိုးတံတားက ထိပ်နှစ်ဘက်စလုံးရေနစ်နေပြီ၊ ငှက်ပျောတောရပ်ကွက်လည်း ရေနစ်နေပြီ ၊ ကျောက်ဝိုင်းရပ်ကွက်ကလည်း ရေနစ်နေပြီ၊ ငှက်ပျောတောရပ်ကွက်ထဲမှာတော့ တချို့တွေ ဆိုရင်တော့ အောက်တစ်ခုလုံး ရေနစ်နေသလောက်ဖြစ်နေပြီးတော့မှ လူတွေကတော့ ရေလွတ်တဲ့နေရာတွေ မှာပဲ နေနေရတာတွေ့ရတယ်၊ ဒီပုံစံအတိုင်းဆိုလို့ရှိရင် ဆက်ပြီးတော့မိုးကလည်းရွာနေဦးမယ် မပြတ်ရွာနေဦး မယ်ဆိုရင် လုံးခင်းရော ဖားကန့်ရော ဆက်တိုက်ရေကြီးမယ့် အနေအထားမျိုးကို ကျနော်မြင်နေရတယ်"

ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီက မြေစာတွေကို စွန့်ပစ်တဲ့အတွက် ဥရုချောင်းရေဟာ ကောင်းစွာမစီးဆင်းနိုင်တာကြောင့် မိုးရွာပြီဆို ရေကြီးလေ့ရှိတယ်လို့ ဒေသခံတွေ ကပြောပါတယ်။

ကချင်ပြည်နယ်မိုးလေဝသနဲ့ ဇလဗေဒဦးစီးဋ္ဌာနကတော့ အခုရက်ပိုင်းအတွင်း ပြည်နယ်အနှံ့ မိုးဆက်လက် ရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။