လိုင်ဇာမြို့အနီး မြေပြိုမှု ၅ ဦး သေဆုံး


2014.07.24

ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့အနီးက ဂျေယန့်ဒုက္ခသည်စန်းမှာ ဒီလ ၂၂ ရက်နေ့မနက်က တဲအိမ်တွေပေါ်မြေပြိုကျတာကြောင့် ကလေး ၃ ဦး၊ ၃၆ နှစ်အရွယ် အမျိုးသမီး ၁ ဦးနဲ့ အသက် ၇ဝ အရွယ် အမျိုးသမီး ၁ ဦး စုစုပေါင်း လူ ၅ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းတဲ့အတွက် တဲတွေအပေါ် မြေပြိုပြီး သေဆုံးတာဖြစ် တယ်လို့ ကေအိုင်အိုရဲ့ စစ်ဘေးဒုက္ခသည် ကယ်ဆယ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဒွဲပီဆက ပြောပါတယ်။

နောက်ထပ်မြေပြိုနိုင်တာကြောင့် တဲအိမ်တွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းထားတယ်လို့ သိရပါ တယ်။ အဲ့ဒီဂျေယန့်ဒုက္ခသည်စခန်းမှာ အိမ်ထောင်စုပေါင်း ၁၈၀၀လောက်ရှိပြီး လူဦးရေ စုစုပေါင်း ရှစ်ထောင်နီးပါး နေထိုင်နေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။