ကယ်လီဖိုးနီးယား ပြည်နယ် လော့စ်အိန်ဂျိလိမြို့က မြန်မာ တိုင်းရင်းသားတွေ၊ အဖွဲ့တွေနဲ့ ပြည်သူ့ဂုဏ်ရည် အသင်း (LA) တို့ စုပေါင်းပြီး ပထမဆုံး အကြိမ် ရံပုံငွေ ရှာဖွေပွဲကနေ စီစဉ် လှူဒါန်းတာ ဖြစ်တယ်လို့ ပြည်သူ့ဂုဏ်ရည် (LA) တာဝန်ခံ ကိုဘိုဘိုက အာအက်ဖ်အေကို ပြောပါတယ်။ ကောက်ခံရရှိတဲ့ အလှုငွေကို ကချင် ဘုရှားရှစ်ခိုးကျောင်းကနေ တဆင့် ကချင် စစ်ပြေးဒုက္ခသည်တွေကို လှူဒါန်း ပေးအပ်သွားမယ်လို့ သိရပါတယ်။ ရံပုံငွေ ပွဲတော်မှာ တိုင်းရင်းသား ပေါင်းစုံ ရိုးရာအကတွေနဲ့ အစားအစာတွေကို ကျွေးမွေးဧည့်ခံခဲ့ ပါတယ်။