ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည် တွေအတွက် ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာဟောင်း ဦးကျော်သူ ဦးဆောင်တဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်) က ကျပ်ငွေ သိန်း ၂ဝဝ သွားရောက် ကူညီမယ်လို့ သတင်း ရပါတယ်။
၂ဝ၁၁ ခုနှစ် အောက်တိုဘာလအတွင်းက ပခုက္ကူမြို့နယ်ရှိ ရေဘေးဒုက္ခသည်များကို လှူဒါန်းကူညီ ထောက်ပံ့ရန် သွားရောက်ခဲ့ကြသည့် နာရေးကူညီမှု အသင်း(ရန်ကုန်) ရှေ့ပြေး ကယ်ဆယ်ရေးအဖွဲ့ဝင်များ၏ မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။
ဦးကျော်သူရဲ့ဇနီး ဒေါ်ရွှေဇီးကွက် ဦးဆောင်တဲ့အဖွဲ့ဟာ လာမယ့် ဒီဇင်ဘာလဆန်းမှာ ကချင်ဒေသက တိုင်းရင်းသားဒုက္ခသည်တွေကို သွားရောက်ကူညီပါမယ်။
လပေါင်းများစွာ ကြာနေပြီဖြစ်တဲ့ ကချင်ပြည်နယ်က စစ်ပွဲတွေကြောင့် အိုးပစ်အိမ်ပစ် ထွက်ပြေးရတဲ့ ဒေသခံ တိုင်းရင်းသားတွေဟာ ဒုက္ခသည်အဖြစ်နဲ့ စစ်ဘေးလွတ်ရာ ဒေသတွေမှာ ခိုလှုံနေကြရပါတယ်။
တရုတ်မြန်မာ နယ်စပ်မှာလည်း စစ်ကြောင့် ထွက်ပြေးရတဲ့ တိုင်းရင်းသားဒုက္ခသည်တွေ ပိုများနေပြီး မိုင်ဂျာယန်ဒေသမှာ ဆိုရင် အခုလထဲမှာတင် ဒုက္ခသည် အရေအတွက် ထက်ဝက်လောက် တိုးလာတယ်လို့ ဒုက္ခသည်အရေး ကူညီ ဆောင်ရွက်ပေးနေသူ အမျိုးသမီးတစ်ဦးက ပြောဆိုကြောင်း အာရ်အက်ဖ်အေက ထုတ်လွှင့်ခဲ့ပါတယ်။
ဒီရက်ပိုင်းတွေမှာလည်း ကေအိုင်အို ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့နဲ့ သိပ်မဝေးတဲ့ အင်တပ်ဘွန် တောင်ကုန်းကို အစိုးရတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ကေအိုင်အို ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောပါတယ်။
|
|
အီးမေးလ်ပို့ရန် |
|
|
ဤအကြောင်းကို ရယူရန် |
|
|
သတင်းလွှာမှာယူရန် |
|
|
ပုံနှိပ်ရန်... |
|
|
ဤအေုကာင်းကို မ္တွဝေရန် |
ကချင်ဒုက္ခသည်တွေအတွက် အကူအညီများ ထပ်ပေး
ကချင်လယ်မြေ ယုဇနကုမ္ပဏီသိမ်းယူမှု အကြောင်းပြန်ကြားချက် မရ
ကချင် အနုပညာရှင်တွေရဲ့ဖျော်ဖြေပွဲ ပိတ်ပင်ခံရ
ကချင်ဒေသဒုက္ခသည်တွေဆီ ကုလအကူညီပေးရေးအဖွဲ့ ရောက်ရှိ
ဒေါ်အောင်ဆန်းစုကြည်က ကချင် စစ်ဘေးဒုက္ခသည်တွေကို ထပ်လှူ
ကေအိုင်အိုနဲ့ အစိုးရ ရွှေလီဆွေးနွေးပွဲ ပြီးဆုံး
ကချင်ပြည်နယ်ကို စည်းရုံးရေး ခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် လာမည်
တရုတ်နိုင်ငံ ထဲရောက် ကချင် စစ်ပြေးဒုက္ခသည်တွေ ထောက်ပံ့မှု မလုံလောက်
မှတ်ချက်များ
Click here to add your own comment