တရုတ်နိုင်ငံ ထဲရောက် ကချင် စစ်ပြေးဒုက္ခသည်တွေ ထောက်ပံ့မှု မလုံလောက်

2012-02-07

ကချင်ပြည်နယ်အတွင်း အစိုးရစစ်တပ်နဲ့ ကေအိုင်အေအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နယ်စပ်ကို ကျော်ဖြတ်ပြီး တရုတ်နိုင်ငံထဲကို ၀င်ရောက် ခိုလှုံနေကြတဲ့ ကချင် စစ်ပြေး ဒုက္ခသည်ပေါင်း တစ်သောင်းလောက်ဟာ ကူညီထောက်ပံ့မှုတွေ အလုံအလောက် မရဘဲ နေထိုင်ကြရကြောင်း ကူညီရေးအဖွဲ့တွေက ပြောပါတယ်။

Kachin News Group

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ၂ဝ၁၁ ခုနှစ် ဇွန်လအတွင်း တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့ကို ဝင်ရောက် ခိုလှုံလာသော မြန်မာနိုင်ငံသား တချို့ကို တွေ့ရပုံ။

အဲဒီ ကချင် ဒုက္ခသည်တွေဟာ ဖြစ်သလို ဆောက်ထားတဲ့ တဲငယ်လေးတွေထဲမှာ ပြွတ်သိပ် နေထိုင်နေကြရပြီး သောက်ရေသန့်နဲ့ ရိက္ခာ အလုံအလောက် မရကြတဲ့အပြင် အခုအခါ တချို့စခန်းတွေမှာ ၀မ်းကိုက်ရောဂါ ကူးစက် ပြန့်ပွားနေတယ်လို့ ဒုက္ခသည်နဲ့ နေရာရွှေ့ပြောင်းရသူများ ကူညီရေးအဖွဲ့ ၀န်ထမ်း တစ်ယောက်က ပြောပါတယ်။

ဒုက္ခသည်တွေကို ကူညီရေး အဖွဲ့ ၅ ဖွဲ့က ကူညီနေပေမယ့် အဲဒီအဖွဲ့တွေမှာလည်း ငွေကြေးနဲ့ ထောက်ပံ့ရေးပစ္စည်း အလုံအလောက် မရှိဘူးလို့ ဆိုပါတယ်။ ကချင်ပြည်နယ် အတွင်း တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားပြီး ဒုက္ခသည်တွေ နောက်ထပ် ရောက်ရှိလာမှာကို တရုတ်အစိုးရက စိုးရိမ်နေပါတယ်။

ဒုက္ခသည် စခန်းတွေ တရုတ် နယ်မြေထဲမှာ အခုလို ပေါ်ပေါက်လာတာကို တရုတ် အစိုးရက သည်းခံနေပေမယ့် တရားဝင် အသိအမှတ် ပြုထားတာတော့ မဟုတ်ပါဘူး။ ယူနန်ပြည်နယ် အာဏာပိုင်တွေကလည်း ဒုက္ခသည်တွေကို အတင်းအကျပ်ပြန်ပို့တာ၊ နယ်စပ် ပိတ်ထားတာတွေ မလုပ်ပေမယ့် နေရပ်ကို ပြန်ကြရမယ် ဆိုတာကိုတော့ ပြောဆိုထားပါတယ်။

ဒုက္ခသည်တွေကို လူသားချင်းစာနာတဲ့ ကူညီ ထောက်ပံ့မှုတွေ ပေးနေပါတယ်လို့ တရုတ်အစိုးရက ပြောဆိုခဲ့တာကို ကူညီရေး အဖွဲ့တွေက အဲဒီပြောဆိုချက် မမှန်ကန်ကြောင်း ငြင်းဆိုကြပါတယ်။ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ ကူညီရေး အဖွဲ့တွေအနေနဲ့ ရေရှည် အကူအညီတွေ မပေးနိုင်ဘဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်