မြစ်ကြီးနား-တနိုင်း လမ်းမကြီးမှာ ညမထွက်ရ အမိန့်ထုတ်ပြန်

2011-08-07

စစ်ရေးတင်းမာမှု ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား-တနိုင်း လမ်းမကြီးပေါ်မှာ ည ၇ နာရီ နောက်ပိုင်း ဖြတ်သန်းသွားလာခွင့် မပြုကြောင်း အစိုးရ အာဏာပိုင်တွေက ဒီကနေ့ ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။

“ဒီနေ့ည ၇ နာရီကစပြီးတော့ ဆိုင်ကယ်၊ စက်ဘီး ဘာမှ မသွားရဘူး၊ ပုဒ်မ ၁၄၄ ထုတ်ပြီးတော့ ပစ်မိန့်ပေးထားတယ်လို့ ခုနကပဲ သတင်းရတယ်”

ဒီအမိန့်ကို နမ္မတီးမြို့အခြေစိုက် စကခ (၃) က ထုတ်ပြန်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီအတောအတွင်း မြစ်ကြီးနား မြို့အဝင်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းပြီး ဂိတ်ကြေး အဓမ္မ ကောက်ခံနေတာကြောင့် ဒေသခံတွေ မကျေမနပ် ဖြစ်နေကြတယ်လို့ သိရပါတယ်။ လုံခြုံရေးကို အကြောင်းပြပြီး မကြာခင်က မြို့အဝင်မှာ ဂိတ်သစ် ၃ ခု ဖွင့်လှစ်ပြီး အခုလို ငွေကြေး မတရား ကောက်ခံနေတာ ဖြစ်တယ်လို့ စောစောက ဒေသခံက ပြောပါတယ်။

“ကားတွေ ညကိုသွားရင် ငါးထောင် တသောင်း တောင်းတယ်။ အရင်တုန်းက ဂိတ်မရှိဘူး။ အခု လုံခြုံရေးအရ ဆိုပြီး တပ်နဲ့ ရဲနဲ့တွဲပြီး ဂိတ် ၃ ခုတောင် ချထားတယ်။ ခရီးသည်တွေ ကားတွေကို တအား ဒုက္ခပေးနေတယ်”

ဒီလုံခြုံရေး ဂိတ်သစ် ၃ ခုကို မြစ်ကြီးနား မြို့အဝင် နန်းကွေ့တံတား၊ မော်ဖောင်းကုန်းနဲ့ လေတပ်လမ်းခွဲ နေရာတွေမှာ ဖွင့်လှစ်ထားတာဖြစ်ကြောင်း သိရပါတယ်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

ကချင်ဒုက္ခသည်တွေအတွက် အကူအညီများ ထပ်ပေး

မြစ်ကြီးနားမှာ ဗုံးတလုံးပေါက်ကွဲ

ကချင်လယ်မြေ ယုဇနကုမ္ပဏီသိမ်းယူမှု အကြောင်းပြန်ကြားချက် မရ

ကချင်ဒေသဒုက္ခသည်တွေဆီ ကုလအကူညီပေးရေးအဖွဲ့ ရောက်ရှိ

ဒေါ်အောင်ဆန်းစုကြည်က ကချင် စစ်ဘေးဒုက္ခသည်တွေကို ထပ်လှူ

ကေအိုင်အိုနဲ့ အစိုးရ ရွှေလီဆွေးနွေးပွဲ ပြီးဆုံး

ကချင်ပြည်နယ်ကို စည်းရုံးရေး ခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် လာမည်

တရုတ်နိုင်ငံ ထဲရောက် ကချင် စစ်ပြေးဒုက္ခသည်တွေ ထောက်ပံ့မှု မလုံလောက်

အစိုးရတပ်က ဖမ်းထားတဲ့သူတွေအရေး တရားရုံးချုပ်ကို တင်သွင်း

ကချင် ဒုက္ခသည်တွေ ကျန်းမာရေး စိုးရိမ်စရာဖြစ်နေ