ရှမ်းပြည်မြောက်ပိုင်းမှာ အဓမ္မပြုကျင့်ပြီး အသတ်ခံရတာ ၂ နှစ်ပြည့်သွားပြီဖြစ်တဲ့ ကချင်ကျောင်းဆရာမ ၂ ဦး အမှုနဲ့ပတ်သက်ပြီး ဗြိတိန်အစိုးရအနေနဲ့ အမှုမှန်ပေါ်ပေါက်ရေး အကူအညီပေးဖို့ Burma Campaing UK အဖွဲ့က လူပေါင်း ၃၂၅၄ ဦး လက်မှတ်ရေးထိုးပြီး မနေ့က တင်ပြလိုက်ပါတယ်။
အသတ်ခံရသူ ကျောင်းဆရာမနှစ်ဦးဟာ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ် ဇန်ဝါရီလ ၁၉ ရက်နေ့က ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ် ကောင်းခါးရွာမှာ အဓမ္မပြုကျင့်ပြီး အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် ကချင်နှစ်ချင်းအဖွဲ့ကလည်း ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။
အခင်းဖြစ်ပွားတဲ့ညက အစိုးရတပ်မတော်အဖွဲ့တစ်ဖွဲ့ ကောင်းခါးရွာမှာရှိနေပြီး မနက်အစောပိုင်းမှာ ရွာကထွက်ခွာ သွားတာဖြစ်ပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး ထွက်ပြေးသွားသူ ကောင်းခါးရွာက ရွာသားတွေလည်းရှိတဲ့အကြောင်း အမှုကိုစစ်ဆေးနေတဲ့ အာဏာပိုင်တွေက ပြောဆိုတာလည်းရှိပါတယ်။
