ကချင်ပြည်နယ်နေ့ အခမ်းအနား ဂျပန်မှာ ကျင်းပ

မနက်ဖြန် ဇန်နဝါရီလ ၁ဝ ရက်နေ့မှာ ကျရောက်မယ့် ၆၃ နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားကို ဂျပန်နိုင်ငံ တိုကျိုမြို့ အနီးက အီကဲဘူခူရို မြို့မှာ ဂျပန်နိုင်ငံရောက် ကချင် တိုင်းရင်းသားတွေက ဇန်နဝါရီလ ၉ ရက် ဒီကနေ့ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

0:00 / 0:00

ဂျပန်နိုင်ငံရောက် ကချင်နဲ့ တခြား တိုင်းရင်းသားတွေ၊ မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေနဲ့ ဂျပန်နိုင်ငံသား တချို့ အပါအဝင် စုစုပေါင်း ၃ ရာ နီးပါး တက်ရောက်ခဲ့ကြတ့ အဲဒီ အခမ်းအနားမှာ မြန်မာပြည်က HIV/AIDS ဝေဒနာရှင်တွေနဲ့ ကလေးသူငယ်တွေအတွက် အလှူငွေအဖြစ် ဂျပန်ယန်းငွေ ၃ သိန်း ကောက်ခံ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီအကြောင်း အပြည့်အစုံကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်ယူရန်။