တွေ့ဆုံဆွေးနွေးရန် အစိုးရသစ်ကို KNU တောင်းဆို

တိုင်းရင်းသားဒေသတွေမှာ အပစ်အခတ် ရပ်စဲဖို့အရေးနဲ့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့အတွက် တွေ့ဆုံ ဆွေးနွေးရေးတွေ ပြုလုပ်ဖို့ သမတ ဦးသိန်းစိန် အစိုးရကို ကရင် အမျိုးသား အစည်းအရုံး (KNU) က ဧပြီ ၄ ရက် ဒီကနေ့ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

0:00 / 0:00

စစ်အစိုးရလက်ထက်မှာ တိုင်းရင်းသားဒေသတွေက ပြည်သူတွေ အဓမ္မ လုပ်အားပေး ခိုင်းစေခံရမှုတွေ၊ တဖက်သတ်စွပ်စွဲ ဖမ်းဆီး ချုပ်နှောင်ခံရတာတွေ စတဲ့ လူ့အခွင့်အရေး ချိုးဖောက် ခံရမှုတွေဟာ ရွေးကောက်ပွဲ ကျင်းပပြီးသွားပေမဲ့လည်း ဆက်လက် ဖြစ်နေပေါ်နေတာ တွေ့နေရကြောင်း ၊ တချို့ဒေသတွေမှာ အစိုးရတပ်တွေက ထိုးစစ်ဆင် တိုက်ခို်က်မှုတွေ ပိုပြီး လုပ်လာတာ တွေ့နေရတဲ့အတွက် အခု အစိုးရသစ် လက်ထက်မှာလည်း တိုင်းရင်းသား အခွင့်အရေးတွေ တိုးတက် ပြောင်းလဲလာနိုင်မယ်လို့ မယုံကြည်ကြောင်း တိုင်းပြည် တည်ငြိမ် အေးချမ်းရေးအတွက် တွေ့ဆုံ ဆွေးနွေးရေးတွေ လုပ်ဖို့ တောင်းဆိုကြောင်း ဖော်ပြထားပါတယ်။

ဒါနဲ့ပတ်သက်ပြီး ကရင်အမျိုးသား အစည်းအရံုံးရဲ့ သြစတြေးလျ နိုင်ငံဆိုင်ရာ တာဝန်ခံ စောကနဲမီးကို RFA မှ မခင်ခင်အိ က ဆက်သွယ် မေးမြန်းထားပါတယ်။

အသံဖိုင်ယူရန်